Connect with us

Asia

တောင်ကိုရီးယားနိုင်ငံရှိ ဘက်ထရီထုတ်စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားရာ လူ ၂၀ ကျော် သေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ Gyeongg ပြည်နယ် Hwaseong မြို့ရှိ ဘက်ထရီစက်ရုံတစ်ရုံတွင် မီးသတ်သမားများ မီးငြှိမ်းသတ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ၊ Gyeongg ပြည်နယ် Hwaseong မြို့ရှိ ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီ၏ စက်ရုံ မီးလောင်မှုတွင် သေဆုံးသူ ၂၀ ကျော်ရှိသွားပြီးဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီ၏ ဇွန် ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံသည် RC သုံးထပ် အဆောက်အအုံဖြစ်ပြီး မီးလောင်ရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ မီးသတ်ဌာနက မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်ရန် မီးသတ်သမား ၁၄၅ ဦးနှင့် မီးသတ်ကား အစီးရေ ၅၀ ကို စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ၊ Gyeongg ပြည်နယ် Hwaseong မြို့ရှိ ဘက်ထရီစက်ရုံတစ်ရုံတွင် မီးသတ်သမားများ မီးငြှိမ်းသတ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………..
(Chinese Version)
韩国电池工厂火灾已致20余人遇难
新华社首尔6月24日电(记者陆睿 冯亚松)据韩联社24日消息,已确认20余人在韩国京畿道华城市电池工厂火灾中遇难。
据报道,发生火灾的工厂是一座钢筋混凝土结构的三层建筑,火灾原因尚未确定。消防部门已出动145名消防人员和50辆消防车参与灭火救援。
图说:  6月24日,消防员在韩国京畿道华城市的电池工厂火灾现场灭火。