Europe
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၁၅ ဦးထက်မနည်း သေဆုံး
![](https://xinhuamyanmar.com/wp-content/uploads/2024/06/24k01.png)
မော်စကို၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
အမည်မသိလက်နက်ကိုင်တပ်များက ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan ရှိ ဘုရားရှိခိုးကျောင်းနှင့် ရဲကင်းစခန်းအချို့ ကို ဇွန် ၂၃ ရက်က တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ထက်မနည်း နှင့် အရပ်သားတချို့ သေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ခိုက်သူလက်နက်ကိုင် ၆ ဦးကို ပစ်သတ်နိုင်ခဲ့ကြောင်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူအားလုံး ဖမ်းဆီးရမိသည်အထိ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများကဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း Melikov ၏ ဆိုရှယ်မီဒီယာတွင် တင်ထားသောအချက်အလက်များအရ သိရသည်။
Dagestan က ယင်းဖြစ်ရပ်ကို အကြမ်းဖက်မှု နှိမ်နင်းရေး လှုပ်ရှားမှု အခြေအနေအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်ဟု RIA Novosti က Dagestan ပြည်တွင်းရေးရာရုံးချုပ်၏ သတင်းကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။ ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီကလည်း “အကြမ်းဖက်လှုပ်ရှားမှုများ”ဥပဒေအရ အမှုဖွင့်ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………
(Chinese Version)
俄达吉斯坦共和国恐袭致死至少15名警察
新华社莫斯科6月24日电(记者陈畅)俄罗斯达吉斯坦共和国数座教堂和警察哨所23日遭不明身份武装分子袭击,造成至少15名警察和数名平民死亡。
根据梅利科夫在社交媒体发布的信息,有6名武装分子被击毙。执法人员将继续搜捕,直到抓获所有恐袭参与者。
俄新社援引达吉斯坦共和国内务总局消息报道说,达吉斯坦共和国已宣布进入反恐行动状态。俄联邦侦查委员会也已根据“恐怖主义活动”条款立案调查。