Connect with us

Europe

ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်သစ် ကိုယ်စားလှယ်များအား ဥရောပကောင်စီ အတည်ပြု

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော ဥရောပသမဂ္ဂ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံခေါင်းဆောင်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂ (EU) ထိပ်သီး အစည်းအဝေးကို ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ဇွန် ၂၇ ရက်က ကျင်းပရာ ယင်းနေ့ ညပိုင်းတွင် ဥရောပကောင်စီက ဥရောပသမဂ္ဂ ခေါင်းဆောင်သစ် ကိုယ်စားလှယ်များအား အတည်ပြုခဲ့ကြောင်း သိရသည်။

ဥရောပကောင်စီအနေဖြင့် Ursula von der Leyen ကို ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရေး အမည်စာရင်း တင်သွင်းရန်အတွက်လည်းကောင်း၊ ပေါ်တူကီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Antonio Costa ကို နောက်တစ်ကြိမ် ဥရောပကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရန်အတွက်လည်းကောင်း၊ အက်စတိုးနီးယားနိုင်ငံ ဝန်ကြီးချုပ် Kaja Kallas ကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းရန်အတွက်လည်းကောင်း ဆုံးဖြတ်ခဲ့ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel က ဇွန် ၂၇ ရက် ညပိုင်း လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
新华简讯|欧洲理事会通过欧盟新领导层人选
新华社布鲁塞尔6月27日电 欧盟峰会27日在比利时首都布鲁塞尔举行,欧洲理事会当晚通过欧盟新领导层人选。
欧洲理事会主席米歇尔27日晚在社交媒体上说,欧洲理事会决定提名冯德莱恩连任欧盟委员会主席,选举葡萄牙前总理科斯塔担任下一届欧洲理事会主席,并提名爱沙尼亚总理卡拉斯担任欧盟外交和安全政策高级代表。(完)

1. 6月27日,在比利时布鲁塞尔,欧盟峰会与会领导人准备参加合影。