Connect with us

North America

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား စစ်ရေးကူညီပံ့ပိုးမှုများ နောက်ထပ် ပေးမည်

အစ္စရေးနိုင်ငံ Hatzor လေတပ်အခြေစိုက်စခန်းတွင် ကျင်းပသည့် "Juniper Cobra 2018" ပူးတွဲဒုံးကျည်တိုက်ဖျက်လေ့ကျင့်မှု၌ “Patriot”ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်ကို ၂၀၁၈ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်အစိုးရက ယူကရိန်း၏ ကာကွယ်ရေးလိုအပ်ချက်များကို ပံ့ပိုးရန်အတွက် ” Hawk ” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်နှင့် ၁၅၅ မီလီမီတာ အမြောက်ကျည်များအပါအဝင် စုစုပေါင်းဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိသော လက်နက်များနှင့် ခဲယမ်းမီးကျောက်များကို ယူကရိန်းအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အမေရိကန်အရာရှိနှစ်ဦးက ဇွန် ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဤလက်နက်အကူအညီပေးရေး အစီအစဉ်ကို ဇူလိုင် ၁ ရက်တွင် ကြေညာမည်ဟု ခန့်မှန်းထားကြောင်း အမည်မဖော်လိုသူ ၎င်းအရာရှိများက ပြောကြားခဲ့သည်။

” Hawk ” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် တာလတ်ပစ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်ဖြစ်ပြီး လေကြောင်းရန် ကာကွယ်ပေးနိုင်ကြောင်း၊ ယင်းမှာ ယူကရိန်းနိုင်ငံ၏ အရေးကြီးဆုံး လုံခြုံရေး လိုအပ်ချက်များအနက် တစ်ခုဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ဤဒုံးကျည်စနစ်ကို ယူကရိန်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်မှ စတင်ပေးပို့ခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည် အားကောင်းစေရန်အတွက် အမေရိကန်နိုင်ငံက မူလတွင် တတိယအဖွဲ့အစည်းထံ ရောင်းချရန် ရည်ရွယ်ထားသော လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ကို ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း အမေရိကန်အစိုးရက ဇွန် ၂၀ ရက်၌ ကြေညာခဲ့သည်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာ ဆက်သွယ်ညှိနှိုင်းရေးမှူး John Kirby က ယခု လုပ်ရပ်သည် ယူကရိန်းနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ထောက်ခံမှုကို ပြသကြောင်း အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အထက်ဖော်ပြပါ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များသည် “Patriot”ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်နှင့် အမျိုးသားအဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် (NASAMS) တို့နှင့်အတူ အသုံးပြုရန် အဓိကရည်ရွယ်ခြင်းဖြစ်ပြီး ယခုနှစ် နွေရာသီနှောင်းပိုင်းတွင် စတင်ပို့ဆောင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
…………………….
(Chinese Version)
美国将再向乌克兰提供军事援助
新华社北京6月29日电 两名美国官员28日透露,美国政府将向乌克兰提供总额1.5亿美元的武器和弹药,其中包括“鹰”式防空导弹系统和155毫米口径炮弹,以支持乌克兰国防需求。
这些不愿公开姓名的官员说,这一武器援助计划预计7月1日公布。
“鹰”式防空导弹系统是一种中程地对空导弹系统,可以防空,这是乌克兰最大的安全需求之一。美国于2022年开始向乌克兰运送这一导弹系统。
美国政府20日宣布,美方打算将原本要出售第三方的一批防空导弹转运至乌克兰,以强化乌克兰防御能力。白宫国家安全委员会战略沟通协调员约翰·柯比当天在电话记者会上说,此举显示美国对乌克兰的支持。上述防空导弹主要为适用于“爱国者”导弹防御系统和“国家先进地对空导弹系统”的导弹,预计今年夏末启运。
图说:这是2018年3月8日在以色列哈措尔空军基地举行的“杜松眼镜蛇2018”联合反导军演上拍摄的“爱国者”导弹防御系统。新华社记者郭昱摄