Connect with us

China

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက ၂၁ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် အမှာစကားပြောကြား

စင်ကာပူ၊ ဇွန် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းသည် ၂၁ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် “တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအမြင်” ကို ဗဟိုပြု၍ ဇွန် ၂ ရက်က အမှာစကား ပြောကြားခဲ့သည်။

တုန်ကျွင်းက လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ ရပ်ကို သမ္မတရှီကျင့်ဖိန် အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ်ဒေသ ပြည်သူများသည် သင့်မြတ်မှုကို လိုလားသလို ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြကြောင်း၊ သီးခြား လွတ်လပ်စွာရပ်တည်မှုရှိသလို ကိုယ်တိုင်မလျှော့သော ဇွဲဖြင့် ကြိုးပမ်းအားထုတ်မှုကြကြောင်း၊ အပြန်အလှန်ဖေးမကူညီကြသလို အေးအတူ ပူအမျှ အတူရပ်တည်မှု ရှိကြကြောင်း ၊ မိမိတို့အနေဖြင့် ဘုံသဘောတူညီမှုများကို စုစည်းမှု၊ ကွဲပြားမှုများကိုအသာထား၍ တူညီမှုများကို ဖော်ဆောင်ရာတွင် “အာရှ၏ ဉာဏ်ပညာကို” ကောင်းမွန်စွာ အသုံးပြုရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ နိုင်ငံအသီးသီး၏မှန်ကန်သင့်မြတ်မှုရှိသော လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်သွားမည် ဖြစ်သလို တရားမျှတ၍ သင့်လျော်မှုရှိသော နိုင်ငံတကာ စနစ်ကို အတူဖန်တီးသွားမည်ဖြစ်ရာ ဒေသလုံခြုံရေးမူဘောင်တည်ဆောက်သည့်အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း၊ ပွင့်လင်း၍ လက်တွေ့ကျသော ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်သလို ပင်လယ်ပြင်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု စံပြအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ကဏ္ဍသစ်လုံခြုံရေးစီမံခန့်ခွဲမှုများကို အားဖြည့်သွားမည်ဖြစ်သလို ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းသစ်ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တုန်ကျွင်းက ပြောကြားခဲ့သည်။

တုန်ကျွင်းက တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို တန်ဖိုးထားမှု၊ ဘုံလုံခြုံရေးကို ကြိုးပမ်းဖော်ဆောင်မှု၊ တန်းတူညီမျှ လေးစားခြင်းကို လက်ကိုင်ထားမှု၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်စေလိုခြင်းကို အလေးထားမှု ရှိကြောင်း၊ တစ်ချိန်တည်းတွင်ပင် ဗဟိုအကျိုးစီပွားကို ခိုင်မာစွာ ကာကွယ်သွားမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
လက်ရှိ တောင်တရုတ်ပင်လယ်အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိရာ ကောင်းကျိုး၊ ဆိုးကျိုးများကို အချို့နိုင်ငံအနေဖြင့် ရှင်းလင်းစွာ သိရှိကာ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု မှန်ကန်သော လမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းစေလိုကြောင်း ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် ခိုင်မာအားကောင်းသောလုပ်ဆောင်ချက်များဖြင့် “ထိုင်ဝမ်သီးခြားရပ်တည်ရေး”ကို တားဆီးပြီး ၎င်းတို့၏ အကြံအစည်များ ထာဝရ ကျရှုံးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တုန်ကျွင်းက ပြောကြားခဲ့သည်။

အစည်းအဝေးကာလတွင် တုန်ကျွင်းသည် အမေရိကန်၊ ကနေဒါ၊ ထိုင်း၊ ဂျပန်၊ ဩစတြေးလျ၊ ပြင်သစ်၊ ကမ္ဘောဒီးယား၊ နယူးဇီလန် စသည့် ကာကွယ်ရေးဝန်ကြီးဌာနများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………………….
(Chinese Version)
董军在第21届香格里拉对话会上作大会发言
新华社新加坡6月2日电(记者蔡蜀亚)6月2日,国防部长董军在第21届香格里拉对话会上围绕“中国的全球安全观”作大会发言。
董军表示,习近平主席提出构建人类命运共同体理念和三大全球倡议。亚太地区人民历来追求和谐、热爱和平,独立自主、自强不息,守望相助、命运与共。我们要善用“亚洲智慧”凝聚共识、求同存异。中方愿同各方一道,维护各国正当安全利益,共创公正合理国际秩序,发挥地区安全架构作用,推进开放务实防务合作,打造海上安全合作典范,加强新型领域安全治理,开创地区安全合作新局面。
董军强调,中方崇尚以和为贵,寻求共同安全,秉持平等尊重,注重开放包容,同时坚决捍卫核心利益。当前南海局势总体稳定,希望个别国家认清利害,回归对话协商正道。解放军将以及时坚决有力的作为,扼止“台独”,确保其图谋永无得逞之日。
其间,董军与美国、加拿大、泰国、日本、澳大利亚、法国、柬埔寨、新西兰等国防务部门领导和红十字国际委员会主席、欧盟外交与安全政策高级代表会谈。(完)