Connect with us

China

တရုတ် အရပ်ဘက်သုံး ဒရုန်းယာဉ်ဖြင့် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ချိုမိုလန်းမားတောင်ထိပ် ပင်လယ်ရေမျက်နှာပြင်အမြင့် ၆,၀၀၀ မီတာသို့ ထောက်ပို့ရေးပစ္စည်းများ သယ်ယူပို့ဆောင်

ချိုမိုလန်းမားတောင်ထိပ် နီပေါနိုင်ငံဘက်အခြမ်းတွင် DJI ဒရုန်းဖြင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုအား စမ်းသပ်နေသည်ကို ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခေတ္တမန္ဒူ/ဆန်းကျန့်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

နာမည်ကျော် ဒရုန်းလုပ်ငန်းဖြစ်သည့် Shenzhen DJI Sciences and Technologies Ltd သည် မကြာမီကာလများက ၎င်းလုပ်ငန်း အခြားဌာနများ၏ အကူအညီဖြင့် ချိုမိုလန်းမားတောင် နီပေါဘက်အခြမ်းတွင် ပထမဆုံးအကြိမ်အဖြစ် အရပ်ဘက်သုံး ဒရုန်းအသုံးပြု၍ ပင်လယ်ရေမျက်နှာပြင်အမြင့်သို့ သယ်ယူပို့ဆောင်သည့် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း ဇွန် ၅ ရက်တွင် ကြေညာခဲ့သည်။

၎င်းမှာ ကမ္ဘာ့ ပထမဆုံးအကြိမ် အရပ်သုံး ဒရုန်းဖြင့် ပင်လယ်ရေမျက်နှာပြင်အမြင့် ၅,၃၀၀ မီတာ မှ ၆,၀၀၀ မီတာ ဝေဟင်တွင် အသွားအပြန် သယ်ယူပို့ဆောင်သည့် စမ်းသပ်မှုလည်းဖြစ်ရာ အရပ်သုံး ဒရုန်းယာဉ် ပင်လယ်ရေမျက်နှာပြင်အမြင့်ဆုံး သယ်ယူပို့ဆောင်မှု စံချိန်ချိုးနိုင်ခဲ့ကြောင်း သိရသည်။

DJI ဒရုန်းစမ်းသပ်ရေးအဖွဲ့သည် ဧပြီလ ၂၅ ရက်မှစ၍ ပင်လယ်ရေမျက်နှာပြင် အမြင့် ၅,၃၆၄ မီတာရှိ ချိုမိုလန်းမားတောင်၏တောင်ဘက်ကုန်းစခန်းနှင့် ၎င်းထက်မြင့်သော ဒေသများတွင် ရက်သတ္တပတ် တစ်ပတ်ကြာ ဒရုန်း ပင်လယ်ရေမျက်နှာပြင်အမြင့် ပျံသန်းမှုနှင့် သယ်ယူပို့ဆောင်ရေးစွမ်းရည် စမ်းသပ်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဒရုန်းပျံသန်းစဉ် ရပ်နားခြင်း၊ ဒရုန်းအလွတ်ပျံသန်းခြင်းနှင့် ကုန်တင်ပျံသန်းခြင်းတို့တွင် ကုန်းပြင်မြင့်ဒေသ၌ လိုက်လျောညီထွေဖြစ်မှုအနေအထားများကို ထိရောက်သည့် စမ်းသပ်မှုများ ပြုခဲ့ကြောင်း သိရသည်။


ဒရုန်းစမ်းသပ်ရေးအဖွဲ့သည် ချိုမိုလန်းမားတောင်၏ တောင်ဘက်ကုန်းမှ အမှတ် ၁ စခန်းအကြား ဒရုန်းယာဉ်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ချိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး အထက်သို့ပျံသန်းရာတွင် အောက်စီဂျင်ဘူးများကို သယ်ဆောင်သွားခြင်းဖြစ်ပြီး အောက်သို့ ပျံသန်းရာတွင် အမှိုက်များအား ပြန်လည်သယ်ဆောင်လာခြင်း ဖြစ်သည်။

စမ်းသပ်ပျံသန်းခဲ့သည် FC30 ဒရုန်းယာဉ်သည် ချိုမိုလန်းမားတောင်ဒေသတွင် ပင်လယ်ရေမျက်ပြင် အမြင့်ဆုံး ၆၁၉၁.၈ မီတာအထိ ပျံသန်းနိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် မီတာ ၆,၀၀၀ တွင် အလေးချိန် ၁၅ ကီလိုဂရမ်ရှိ ကုန်ပစ္စည်းများကို တည်ငြိမ်စွာ သယ်ဆောင်နိုင်ခဲ့ကြောင်း စမ်းသပ်မှုများအရ သိရသည်။ (Xinhua)
……………………….
(Chinese Version)
中国民用无人机完成全球首次珠峰6000米海拔物资运输
新华社加德满都/深圳6月5日电(记者易爱军 毛思倩)知名无人机企业深圳市大疆创新科技有限公司5日宣布,该企业近期在其他机构的协助下,在珠穆朗玛峰尼泊尔一侧完成了首次民用无人机高海拔运输测试。这也是全球首次民用运载无人机在海拔5300米至6000米航线上的往返运输测试,创造了民用无人机最高海拔运输记录。
据介绍,大疆运载无人机测试团队4月25日起在海拔5364米的珠峰南坡大本营及以上海拔地区进行了为期一周的无人机高海拔飞行及运输能力测试,对无人机悬停、空载飞行及载物飞行的高原适应性进行了有效验证。团队在珠峰南坡大本营到1号营地之间“搭建”了一条无人机运输航线,上行运输氧气瓶,下行运输垃圾。测试显示,执飞的无人机FC30在珠峰地区飞行海拔最高达6191.8米,6000米海拔地区可稳定载重15公斤。
1. 4月30日,大疆运载无人机在珠穆朗玛峰尼泊尔一侧进行物资运输测试(视频截图)。