Connect with us

Africa & Middle East

ဂါဇာကမ်းမြောင် အလယ်ပိုင်းကို အစ္စရေး စစ်တပ် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇၅ ဦး သေဆုံး

ဂါဇာကမ်းမြောင် အလယ်ပိုင်းတွင် အစ္စရေးတပ် တိုက်ခိုက်မှုအပြီး ငိုကြွေးနေကြသူများအား ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင် အလယ်ပိုင်း နေရာအများအပြားကို အစ္စရေးစစ်တပ်က ဇွန် ၄ ရက် ညပိုင်းမှ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၇၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာ သတင်းအရင်းအမြစ်က ဇွန် ၅ ရက်တွင် ဆင်ဟွာကို ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင် အလယ်ပိုင်း Bureij ဒုက္ခသည်စခန်း၊ Maghazi ဒုက္ခသည်စခန်းနှင့် Deir al Balah မြို့ အလယ်ပိုင်းကို လေကြောင်း၊ အမြောက်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါသတင်းအရင်းအမြစ်က ဆိုသည်။ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၇၅ ဦး သေဆုံးခဲ့ပြီး လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင် အလယ်ပိုင်းတွင် အစ္စရေးစစ်တပ်တိုက်ခိုက်မှုအပြီး ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေကြသူများအား ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
以军袭击加沙地带中部造成至少75人死亡
新华社加沙6月5日电(记者黄泽民)巴勒斯坦加沙地带消息人士5日告诉新华社记者,以色列军队4日晚间至5日早晨轰炸加沙地带中部多处地区,造成至少75人死亡。
消息人士说,以军空袭和炮击了加沙地带中部布赖杰难民营、迈加齐难民营,以及代尔拜拉赫市东部。袭击造成包括妇女和儿童在内75人死亡,另有数十人受伤。
1.   6月5日,在加沙地带中部,人们在以军袭击后哭泣。
2. 6月5日,在加沙地带中部,人们在以军袭击后进行救援。