Connect with us

China

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Yvan Gil Pinto တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Yvan Gil Pinto တို့ ပေကျင်းမြို့၌ ဇွန် ၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Yvan Gil Pinto နှင့် ဇွန် ၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် တရုတ်-ဗင်နီဇွဲလား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် ပို၍ ရှင်းလင်းသေချာလာသလို ကဏ္ဍများသည် ပို၍ စုံလင်ကြွယ်ဝလာပြီး ပိုမိုအားကောင်းလာခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် ၅၀ ပြည့်နှစ် ဖြစ်ရာ နှစ်ဖက်အနေဖြင့် နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို လမ်းညွှန်အဖြစ် ခိုင်မာစွာ လက်ကိုင်ထားကာ နှစ်နိုင်ငံဆက်ဆံရေး နှစ် ၅၀ ကြာ ဖွံ့ဖြိုးတိုးတက်သော အောင်မြင်မှုအတွေ့အကြုံများကို စနစ်တကျ ခြုံငုံသုံးသပ်ရမည် ဖြစ်ကြောင်း၊ ရှေ့သို့ မျှော်တွေး၍ မဟာဗျူဟာအစီအစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ကာ တရုတ်-ဗင်နီဇွဲလား နှစ်နိုင်ငံ အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ခေတ်သစ်၏အနက်အဓိပ္ပါယ်ကို ဖြည့်တင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Yvan Gil Pinto က ဗင်နီဇွဲလားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်အမြဲခိုင်မာစွာ လက်ကိုင်ထားမည် ဖြစ်ပြီး ဗင်နီဇွဲလား လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ တန်ဖိုးရှိသော ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
王毅同委内瑞拉外长希尔会谈
新华社北京6月5日电 中共中央政治局委员、外交部长王毅5日在北京同委内瑞拉外长希尔举行会谈。
王毅表示,在两国领导人战略指引下,中委关系发展方向更加明确,内涵更加丰富,动力更加强劲。今年是两国建交50周年,双方要坚持以两国元首重要共识为指引,系统总结中委关系50年发展的成功经验,以前瞻性眼光做好战略规划,为中委全天候战略伙伴关系注入新的时代内涵。
希尔表示,委方始终坚定恪守一个中国原则,衷心感谢中方为委社会民生发展提供的宝贵帮助。(完)
1. 6月5日,中共中央政治局委员、外交部长王毅在北京同委内瑞拉外长希尔举行会谈。 新华社记者 刘彬 摄