Connect with us

Europe

ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရန် အစီအစဉ် မရှိကြောင်း NATO အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြား

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင်ကျင်းပသော NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော NATO အထွေထွေအတွင်းရေးမှူးချုပ်ကို ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သည် ယူကရိန်းနိုင်ငံ၌ စစ်အင်အားဖြန့်ကျက်ရန် အစီအစဉ်မရှိကြောင်း ဖင်လန်နိုင်ငံသို့ နိုင်ငံရေးခရီးစဉ် ရောက်ရှိနေသော အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ဇွန် ၆ ရက် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဖင်လန်နိုင်ငံသမ္မတ Alexander Stubb က ဖင်လန်နိုင်ငံကလည်း ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရန် အစီအစဉ်မရှိကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(Chinese Version)
北约秘书长:没有向乌克兰派兵计划
新华社北京6月7日电 北大西洋公约组织秘书长延斯·斯托尔滕贝格6日说,北约没有向乌克兰部署军事力量的计划。正在芬兰访问的斯托尔滕贝格当天在记者会上作上述表态。
芬兰总统亚历山大·斯图布在同场记者会上说,芬兰也没有向乌克兰派兵的计划。
图说:2月15日,在比利时布鲁塞尔,北约秘书长斯托尔滕贝格在北约防长会期间出席新闻发布会。新华社记者赵丁喆摄