Connect with us

Europe

ယူကရိန်းထံ ပို၍များပြားသော အကူအညီများ ပေးအပ်သွားမည်ဟု ပြင်သစ်နှင့်အမေရိကန် ကြေညာ

ယူကရိန်းနိုင်ငံ Kharkiv ပြည်နယ် Kupiansk စခန်းတွင် ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လေကြောင်းရန်ကာကွယ်ရေးလက်နက်အား ကိုင်ဆောင်ထားသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံအနေဖြင့် စီးပွားရေး၊ စစ်ရေးစသည့် ကဏ္ဍများတွင် ယူကရိန်းကို ပို၍များပြားသော ထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပဲရစ်မြို့တွင် ဇွန် ၇ ရက်က ကြေညာခဲ့သည်။ ပြင်သစ်သို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော အမေရိကန် သမ္မတ ဘိုင်ဒန်ကလည်း ယူကရိန်းထံ အကူအညီသစ်များ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ယင်းနေ့တွင်ပင် ကြေညာခဲ့သည်။

ပြင်သစ်အနေဖြင့် ယူရိုငွေ သန်း၂၀၀ “ထောက်ပံ့ရေး ရန်ပုံငွေ”ကို ယူကရိန်း လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ ကျန်းမာရေး စသည့် အရေးကြီး အခြေခံအဆောက်အဦတည်ဆောက်ရေးတွင် အသုံးပြုရန် ပံ့ပိုးသွားမည် ဖြစ်ပြီး ၎င်းတို့အနက် ယူရိုငွေ သန်း ၆၀ ကို စွမ်းအင်တည်ဆောက်မှုအတွက် သီးသန့်အသုံးပြုသွားမည် ဖြစ်ကြောင်း မက်ခရွန်က ပြင်သစ်သို့ အလည်အပတ်ရောက်ရှိလာသည့် ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် Elysee နန်းတော်၌ ယင်းနေ့တွင် ကျင်းပပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့သည်။

မက်ခရွန်က ဇွန် ၆ ရက် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သော ကတိကဝတ်ကို ထပ်မံအလေးထားပြောကြားခဲ့ရာတွင် ပြင်သစ်က ယူကရိန်းကို Mirage တိုက်လေယာဉ်များ ထောက်ပံ့သွားမည် ဖြစ်ပြီး ယူကရိန်း လေယာဉ်မှူးများကို ကူညီလေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်းနှင့် ယူကရိန်းစစ်သား ၄၅၀၀ ကို လေ့ကျင့်ပြင်ဆင်ပေးမည် ဖြစ်ကြောင်း ၊ ပြင်သစ်သည် ဥရောပသမဂ္ဂမှ ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်အနေဖြင့် ရုရှားနှင့် စစ်ဖြစ်ပွားခြင်းမဟုတ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ “အဆက်မပြတ် ဆိုးရွားလာသည့်အခြေအနေကို ထိန်းချုပ်လိုခြင်းသာ ဖြစ်ကြောင်း” မက်ခရွန်က ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ယူကရိန်းကို အကူအညီအသစ်အဖြစ် အမေရိကန် ဒေါ်လာ ၂၂၅ သန်း ထောက်ပံ့သွားမည်ဟု ပြင်သစ်သို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော ဘိုင်ဒန်က ဇယ်လန်းစကီးနှင့် ယင်းနေ့ ပဲရစ်မြို့တွင် တွေ့ဆုံစဉ် ကြေညာခဲ့ကြောင်း ပြင်သစ်မီဒီယာများ၏ သတင်းများအရ သိရသည်။ (Xinhua)
………………………..
(Chinese Version)
法美宣布向乌克兰提供更多援助
新华社巴黎6月7日电(记者唐霁 罗毓)法国总统马克龙7日在巴黎宣布,法国将在经济、军事等方面向乌克兰提供更多支持。正在法国访问的美国总统拜登当天也宣布向乌提供新一轮援助。
马克龙当天在总统府爱丽舍宫与来访的乌克兰总统泽连斯基举行联合记者会时宣布,法国将提供2亿欧元“支持基金”用于乌克兰交通、能源、卫生等关键基础设施建设,其中6000万欧元专门用于能源设施建设。
马克龙重申6日接受媒体采访时的承诺,法国将向乌克兰提供“幻影”战斗机,帮助培训乌克兰飞行员,并培训和装备4500名乌克兰士兵。他还表示,法国将继续在欧盟层面支持乌克兰。
马克龙称,法国没有与俄罗斯交战,这么做“只是希望控制住不断恶化的局势”。
据法国媒体报道,正在法国进行国事访问的拜登当天在巴黎与泽连斯基会面时宣布,美国将向乌克兰提供2.25亿美元新一轮援助。
1. 2023 年8月16日,驻扎在乌克兰哈尔科夫州库皮扬斯基区的乌克兰防空部队士兵操作防空武器。