Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းအား အစ္စရေးစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အနည်းဆုံး လူ ၂၅ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်မြို့တွင် ဒဏ်ရာရသူတစ်ဦးအား ရွှေ့ပြောင်းပေးနေသူများကို ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းအား အစ္စရေးစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရာ သေဆုံးသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင်ကြောင်းနှင့် အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ သတင်းရင်းမြစ်များက ဆင်ဟွာသတင်းအေဂျင်စီ သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းစာသင်ကျောင်းတွင် အိုးအိမ်မဲ့ပြည်သူ အများအပြား နေထိုင်ကြပြီး တိုက်ခိုက်ခံရသည့် နေရာမှာ လူထုစုဝေးရာနေရာဖြစ်သောကြောင့် သေဆုံး၊ ဒဏ်ရာရသူဦးရေ ပိုမိုများပြားလာနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချကြောင်းနှင့် ဇူလိုင် ၉ အစောပိုင်းက ဂါဇာကမ်းမြောင် အလယ်ပိုင်းတွင် အစ္စရေး စစ်တပ်၏ ကြိမ်ဖန်များစွာ တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ မီဒီယာရုံးက ထိုနေ့တွင် ဖော်ပြခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ၏ ဆေးကုသရေးစနစ်သည် ကြီးမားသော ဝန်ဖိအားများ ရှိနေကြောင်း၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ပြတ်လပ်မှုနှင့် ရေဂါပြင်းထန်သောလူနာများ ဂါဇာကမ်းမြောင်မှ ထွက်ခွာ၍ ဆေးကုသရန်မှာ မဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံမှ ယင်းကိစ္စနှင့် ပတ်သက်၍ ကြေညာချက် မထုတ်ပြန်သေးပေ။ အစ္စရေးစစ်တပ်သည် မြောက်ဘက် ဂါဇာမြို့နှင့် တောင်ဘက် ရာဖာမြို့အပါအဝင် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားတွင် “အကြမ်းဖက်မှု တိုက်ဖျက်ရေး” စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၉ ရက်အစောပိုင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယခင်နှစ် အောက်တိုဘာလ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားပြီးနောက် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၃၈,၀၀၀ ကျော် သေဆုံးကာ ၈၈,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနမှ ဇူလိုင် ၉ ရက်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)

…………………………………….
(Chinese Version)
加沙地带南部一学校遭以军轰炸至少25人死亡
新华社加沙7月9日电(记者黄泽民)巴勒斯坦加沙地带消息人士9日告诉新华社记者,加沙地带南部汗尤尼斯一所学校当天遭到以色列军队轰炸,造成至少25人死亡,死者包括妇女和儿童,另有多人受伤。
消息人士说,这所学校收留了大量流离失所的民众,由于遭袭地点位于民众聚集区域,伤亡人数可能进一步上升。
巴勒斯坦伊斯兰抵抗运动(哈马斯)媒体办公室9日发表声明谴责这一袭击,并表示以军当天早些时候在加沙地带中部的多次袭击已造成大量人员伤亡。声明说,加沙地带的医疗系统正在遭受巨大压力,医疗物资短缺,并且重症病人无法离开加沙地带就医。
以方尚未对此发表声明。以色列国防军在9日早些时候的一份声明中说,以军继续在加沙地带多地开展“反恐”军事行动,包括北部的加沙城和南部的拉法。
据巴勒斯坦加沙地带卫生部门9日发布的数据,去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过3.8万巴勒斯坦人死亡、逾8.8万人受伤。
图说:7月9日,在加沙地带南部汗尤尼斯,人们转移一名伤者。