Connect with us

North America

အမေရိကန်နိုင်ငံ ကုန်စုံဆိုင်အများအပြားတွင် ကျည်ဆန်အရောင်းစက်များ တပ်ဆင်ထား

အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ််စရှိ "New Frontline" သေနတ်အရောင်းဆိုင်တစ်ခု၌ ဝန်ထမ်းတစ်ဦးက ဝယ်သူများအား သေနတ်များပြသနေသည်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ ကုန်စုံဆိုင်အများအပြား၌ ကျည်ဆန်အရောင်းစက်များကို မကြာသေးမီက တပ်ဆင်ခဲ့ပြီး လူအများက နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူရာတွင် ကျည်ဆန်များကိုပင် တစ်ချိန်တည်း လွယ်ကူစွာ ဝယ်ယူနိုင်စေခဲ့သည်။ ယင်းကြောင့် အမေရိကန်နိုင်ငံတွင် သေနတ်အကြမ်းဖက်မှု ပိုမိုဆိုးရွားလာမည်ကို လူအများ စိုးရိမ်ပူပန်ခဲ့ကြသည်။

အဆိုပါ ကျည်ဆန်အရောင်းစက်များသည် desktop ကွန်ပျူတာ အရွယ်အစားရှိပြီး “American Lowndes” ဟုခေါ်သော ကုမ္ပဏီမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ဤအရောင်းစက်သည် မှတ်ပုံတင်နှင့် ဝယ်ယူသူ၏ မျက်နှာကို စကင်ဖတ်ပြီး ဝယ်ယူသူ အထောက်အထားကို အတည်ပြုပေးကြောင်း၊ လုပ်ဆောင်ရသည်မှာ တက်ဘလက်တစ်ခု အသုံးပြုရသကဲ့သို့ “မြန်ဆန်လွယ်ကူသည်” ဟု ယင်းကုမ္ပဏီ၏ အဆိုအရ သိရသည်။ အဆိုပါ ကျည်ဆန်အရောင်းစက်ကို ကျွမ်းကျင်သော ဝယ်ယူသူများသည် တစ်မိနစ်ကျော်အချိန်အတွင်း ကျည်များကို ဝယ်ယူနိုင်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Grant Marges က ပြောကြားခဲ့သည်။

ယခုနှစ် ဇူလိုင် ၄ ရက် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့တွင် သေနတ် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့ကြောင်း၊ ယခုနှစ် နှစ်ဆန်းပိုင်းတွင်ပင် အမေရိကန်နိုင်ငံ၌ သေနတ်နှင့်ပတ်သက်သည့် လူအများအပြား သေဆုံးမှု ၁၅ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်တစ်နှစ်လုံး အလားတူအမှု စုစုပေါင်း ၃၉ မှု ဖြစ်ပွားခဲ့ကြောင်း အေပီသတင်းဌာန ဖော်ပြချက်အရ သိရသည်။ (Xinhua)

…………………………

(Chinese Version)

美国多家杂货店安装弹药自动售卖机

新华社北京7月10日电 美国多家杂货店日前安装了弹药自动售卖机,让人们在购买日常生活用品的同时能“顺手”购买子弹。这令不少人担心美国的枪

支暴力会进一步恶化。

据美联社9日报道,这些弹药售卖机有台式电脑大小,由一家名为“美国朗兹”的企业出产。据该企业介绍,这款售卖机会扫描身份证件并进行人脸识别以确认买家身份,操作起来就像用平板电脑一样“快捷简单”。企业首席执行官格兰特·马格斯说,熟练使用这台机器的买家只要一分多钟就能买到弹药。

据美联社报道,今年7月4日美国“独立日”当天,至少33人死

于枪支暴力。今年以来,美国已发生15起涉及枪支的大型杀戮案件,而去年全年共发生39起同类案件。

图说:2017年10月4日,在美国拉斯维加斯的“新前线”枪械商店,店员为顾客展示枪支。新华社记者王迎摄