China
တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်တွင် တောင်ကမ်းပါးယံ သံလမ်းတစ်လမ်းပြေး အလည်အပတ် ရထား အစင်း ၃၀ လွှဲပြောင်းပေးအပ်

ဖူကျိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ CRRC Zhuzhou Locomotive Co., Ltd., မှ တီထွင်ထားသော တောင်ကမ်းပါးယံ သံလမ်းတစ်လမ်းသွားအမျိုးအစား အလည်အပတ် ရထား အစင်း ၃၀ နှင့် ရထားလမ်းစနစ်ကို ကျန်းရှီးပြည်နယ်ရှိ တာ့ကြွယ်တောင် ရှုခင်းသာနေရာတွင် ဇူလိုင်လ ၁၁ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။ တာ့ကြွယ်တောင် ” တောင်ကမ်းပါးယံ ရထား” စီမံကိန်း၏ ရထားလမ်းအားလုံးသည် တောင်ခါးပန်းတွင် “မြှုပ်”ထားကာ ရထားလမ်းများ၏ သုံးပုံတစ်ပုံကျော်သည် ချောက်ကမ်းပါးဘေးတွင် ရှိနေသောကြောင့် ခရီးသွားများကို အမြင့် ၈၅၀ မီတာမှ ၁,၁၅၀ မီတာတွင် ထားရှိနိုင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ ထူးဆန်းသော စသည့် ထူးခြားမှုများကို ခံစားစေနိုင်ပါသည်။ အဆိုပါစီမံကိန်းတွင် ရထား ၆ တွဲကို အသုံးပြုထားပြီး လူ ၅၆ ဦး တင်ဆောင်နိုင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)
……………………………………..
(Chinese Version)
30列高山悬崖跨座式单轨游览车在江西交付
抚州(江西),2024年7月11日
7月11日,由中国中车旗下株洲中车特种装备科技有限公司研制的30列高山悬崖跨座式单轨游览车及轨道系统,在江西大觉山景区完成交付。大觉山“悬崖动车”项目全线路均“嵌”于半山腰上,其中三分之一以上线路在悬崖峭壁旁,可让游客置身海拔850米到1150米高空,兼具“酷、险、奇”等特点。据介绍,项目采用6车编组,载员能力为56人。
图说:7月10日,“悬崖动车”行驶在江西大觉山景区。新华社记者 郭杰文 摄