Connect with us

China

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်သော ကို့တ်ဒီဗွာနိုင်ငံ၏ ပထမဆုံး ဘတ်စ်ကားအမြန်လမ်း (BRT) စီမံကိန်း တည်ဆောက်ရေးစတင်

ကို့တ်ဒီဗွာနိုင်ငံ စီးပွားရေးမြို့တော် အဘစ်ဒ်ဂျန်တွင် စီမံကိန်းစတင်ခြင်း အခမ်းအနားသို့ တက်ရောက်လာသော ကို့တ်ဒီဗွာနိုင်ငံ ၀န်ကြီးချုပ် Beugré Mambé (ရှေ့တန်း ယာဘက် ဒုတိယ) ကို ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဘစ်ဒ်ဂျန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်သော ကို့တ်ဒီဗွာနိုင်ငံ အဘစ်ဒ်ဂျန်မြို့ ဘတ်စ်ကားအမြန်လမ်း (BRT) စီမံကိန်းကို ကို့တ်ဒီဗွာနိုင်ငံ စီးပွားရေးမြို့တော် အဘစ်ဒ်ဂျန်၌ ဇူလိုင် ၁၀ ရက်တွင် စီမံကိန်းစတင်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း၊ အခမ်းအနားကို ကို့တ်ဒီဗွာအစိုးရအရာရှိများ၊ ကမ္ဘာ့ဘဏ်၊ ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ တရုတ်နိုင်ငံ Gezhouba Group International ကုမ္ပဏီ၊ တရုတ်နိုင်ငံ Gezhouba Group မြူနီစီပယ်အင်ဂျီနီယာရင်းကုမ္ပဏီ၊ တရုတ်နိုင်ငံ လမ်းနှင့်တံတားကော်ပိုရေးရှင်း (CRBC) နှင့် ကို့တ်ဒီဗွာနိုင်ငံရှိ တရုတ်အေဂျင်စီများမှ ကိုယ်စားလှယ်များ အပါအဝင် လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


…………………………………….
(Chinese Version)
中企承建的科特迪瓦首条快速公交项目开工
阿比让,2024年7月11日
由中国企业承建的科特迪瓦阿比让快速公交项目10日在科特迪瓦经济首都阿比让举行开工仪式,科政府官员、世界银行、法国开发署、葛洲坝国际公司、葛洲坝市政公司、中国路桥工程有限责任公司以及在科中资机构代表等100余人出席活动。
图说:7月10日,在科特迪瓦经济首都阿比让,科特迪瓦总理芒贝(前排右二)出席开工仪式。 新华社发(中国路桥工程有限责任公司供图)