Connect with us

China

ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ၏ အခန်းကဏ္ဍနှင့် သီးခြားမှုကို ထိခိုက်စေနိုင်ခြေရှိ၍ အမေရိကန်နိုင်ငံအား ရှုတ်ချကြောင်း နိုင်ငံတကာ နွေရာသီ အိုလံပစ် အားကစားအဖွဲ့ချုပ်များ အသင်း က ကြေညာချက်ထုတ်ပြန်

ဂျီနီဗာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံက တရုတ်ရေကူးသမားလက်ရွေးစင်များ၏ အစားအသောက် ညစ်ညမ်းခြင်း (contamination) ကြောင့် positive ဖြစ်ရခြင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခြင်းသည် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (WADA) ၏ အခန်းကဏ္ဍနှင့် သီးခြားရှိမှုကို ပျက်ပြားစေနိုင်ခြေရှိပြီး ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစနစ်နှင့် အားကစားစည်းမျဉ်းစည်းကမ်းများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် ယုံကြည်မှုနှင့် ယုံကြည်ချက်ကိုလည်း ပျက်ပြားလာစေနိုင်သည်ဟု နိုင်ငံတကာ နွေရာသီ အိုလံပစ် အားကစားအဖွဲ့ချုပ်များ အသင်း (ASOIF) က ဇူလိုင် ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံ၏ နယ်မြေပြင်ပ စုံစမ်းစစ်ဆေးမှုသည် အားကစားသမားများ၊ အားကစားဆိုင်ရာ တာဝန်ရှိသူများနှင့် နိုင်ငံတကာ အားကစားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုအပေါ် လူအများ သံသယတိုးလာစေပြီး အမေရိကန်နိုင်ငံသို့ သွားရောက်ကာ နိုင်ငံတကာ အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရမည့် ယုံကြည်မှုကို ယိမ်းယိုင်စေခဲ့ကြောင်း၊ ဤစုံစမ်းစစ်ဆေးမှုသည် အမေရိကန်နိုင်ငံအား အနာဂတ်နိုင်ငံတကာပြိုင်ပွဲများ ခွဲဝေစီစဉ်ပေးရသည့် အန္တရာယ်များကို နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များက ထည့်သွင်းစဉ်းစားလာနိုင်ကြောင်း နွေရာသီ အိုလံပစ် နိုင်ငံတကာ အဖွဲ့ချုပ်များ အသင်း (ASOIF) က ပြောကြားခဲ့သည်။
အမေရိကန် အိုလံပစ်ကျင်းပရေးကော်မတီနှင့် ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်ကျင်းပရေးကော်မတီတို့မှ WADA ၏ အနေအထားနှင့် “ကမ္ဘာ့မူးယစ်ဆေးဝါးဆန့်ကျင်ရေးစည်းမျဉ်းများ”ကို လေးစားလိုက်နာကြောင်း အရေးပေါ်ရှင်းလင်းပြောကြားရန် နွေရာသီ အိုလံပစ် နိုင်ငံတကာ အဖွဲ့ချုပ်များအသင်း (ASOIF) က ၎င်း၏ အဖွဲ့ဝင်များ ကိုယ်စား တောင်းဆိုထားကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ (Xinhua)


………………………………….
(Chinese Version)
夏奥协发声明谴责美国可能破坏世界反兴奋剂机构的作用和独立性
新华社日内瓦7月12日电(记者单磊)夏季奥运会国际单项体育联合会协会(ASOIF,简称“夏奥协”)12日发表声明称,美国在调查中国游泳运动员食品污染致阳性事件上的行为,有可能破坏世界反兴奋剂机构(WADA)的作用和独立性,进而破坏对全球反兴奋剂体系以及体育规章制度自主权的信任和信心。
夏奥协表示,美国的域外调查引发了人们对运动员、体育官员和国际体育组织代表人身安全的怀疑,动摇了他们前往美国参加国际体育比赛的信心。这项调查可能会促使国际单项体育联合会考虑将未来的国际赛事分配给美国的风险。
声明中还表示,夏奥协代表其成员组织,要求美国奥委会和2028年洛杉矶奥组委就WADA地位和尊重《世界反兴奋剂条例》作出紧急澄清。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.