Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း စာသင်ကျောင်းအဆောက်အဦတစ်ခု ပြိုကျမှု ဖြစ်ပွား၊ အနည်းဆုံး လူ ၂၂ ဦး သေဆုံး

အဘူဂျာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ် မြို့တော် ဂျော့စ် တွင် ဇူလိုင် ၁၃ ရက်က စာသင်ကျောင်းအဆောက်အဦတစ်ခု ပြိုကျခဲ့ရာ လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး ၁၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၂ ရက် ညနေအထိ ကယ်ဆယ်ရေး လုပ်သားများက အဆောက်အဦအပျက်အစီးများထဲမှ လူ ၁၅၄ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းအနက် သေဆုံးသူ ၂၂ ဦး၊ ဒဏ်ရာရသူ ၁၃၂ ဦးရှိရာ ၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း Plateau ပြည်နယ် တာဝန်ရှိသူများက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ပြိုကျခဲ့သော အဆောက်အဦသည် ဒေသခံ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်ပြီး ပြိုကျချိန်မှာ ဇူလိုင် ၁၂ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းဖြစ်ကာ ထိုအချိန်တွင် ကျောင်းသားများ စာမေးပွဲဖြေဆိုနေကြောင်း Plateau ပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေးဌာန အကြီးအကဲ Sundy Abdul က သတင်းထောက်များအား ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် ၎င်းပြည်နယ်အတွက် “ကြေကွဲစရာကောင်းပြီး ကြီးမားသော ဆုံးရှုံးမှု” ဖြစ်သည်ဟု Plateau ပြည်နယ် အုပ်ချုပ်ရေးမှူး Caleb Mutwafu က ပြောကြားခဲ့ကာ ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်ရန် ကယ်ဆယ်ရေးသမားများကို တိုက်တွန်းခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)
尼日利亚中部一学校建筑倒塌至少22人死亡
新华社阿布贾7月13日电(记者杨喆)尼日利亚中部高原州首府乔斯市一所学校的一栋建筑12日倒塌,导致至少22人死亡、132人受伤。
高原州官员在一份声明中说,截至12日晚,救援人员共从废墟中找到154人,其中22人死亡、132人受伤,6名伤者情况危急。
高原州应急管理机构负责人森迪·阿卜杜告诉记者,倒塌的建筑属于当地一所私立学校,事发时间为当地时间12日上午,当时学生们正在参加考试。
高原州州长凯莱布·穆特夫旺说,这一事件是该州的“悲剧和巨大损失”,敦促救援人员继续搜救。(完)