Connect with us

International Organizations

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး မူဝါဒများအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နဝမ အကြိမ်မြောက် ပြန်လည် သုံးသပ်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ရုံးချုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ နဝမအကြိမ်မြောက် တရုတ်နိုင်ငံကုန်သွယ်မှုမူဝါဒများ ပြန်လည်သုံးသပ်ခြင်း ပထမနေ့ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇူလိုင် ၁၇ ရက်က ကျင်းပခဲ့သည်။

နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါသုံးသပ်မှုအစည်းအဝေးကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လီဖေး ဦးဆောင်သည့် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့သည်။
အမှာစကားပြောကြားရာတွင် လီဖေးက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ဝါဒ၏ အရေးကြီး မဏ္ဍိုင် ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု၏ အရေးကြီး ဇာတ်ခုံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းသောလမ်းကို ခိုင်မာစွာ လျှောက်လှမ်းပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် တွန်းအားပေးလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ပြီးခဲ့သည့်အကြိမ် သုံးသပ်မှုမှစ၍ တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ဝါဒကို တက်ကြွစွာ ဖော်ဆောင်ပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ခဲ့ရာ အလွန်ကြီးမားကျယ်ပြန့်သည့် ဈေးကွက်ဖြင့် ကမ္ဘာကြီးကို ပိုမိုများပြားသော အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး (South–South cooperation) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသလို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) အား ဖော်ဆောင်ကာ ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိကြောင်း လီဖေးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို ခိုင်မာနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိရာ သွင်းကုန်အခွန် လျှော့ချခြင်း၊ ကုန်သွယ်ရေး အဆင်ပြေလွယ်ကူမှုရှိစေရန် မြှင့်တင်ခြင်း၊ ဝန်ဆောင်မှုကဏ္ဍ တံခါးဖွင့်လှစ်မှုကို ဆက်လက် တိုးချဲ့ခြင်း၊ ဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်ရေး ဖြေလျှော့မှုများ ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်မြှင့်တင်လျက်ရှိသလို အရင်းအမြစ်ခွဲဝေမှုတွင် ဈေးကွက်၏ အဆုံးအဖြတ်ကဏ္ဍကို အပြည့်အဝဆောင်ရွက်လျက်ရှိကြောင်း၊ ထိရောက်သော ဈေးကွက်နှင့် လုပ်ငန်းဖော်ဆောင်မှုရှိသော အစိုးရ ပိုမိုကောင်းမွန်စွာ ပေါင်းစည်းမှုကို မြှင့်တင်ပြီး ဆန်းသစ်တီထွင်မှု၊ အစိမ်းရောင်၊ ဒစ်ဂျစ်တယ်၊ အများပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း လီဖေးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO)ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲများတွင် ဘက်စုံ ထဲထဲဝင်ဝင် ပါဝင်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO)က ပိုမို ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ၊ ဘက်စုံကုန်သွယ်မှုယန္တရား အားလုံးပါဝင်မှုရှိစွာ တိုးတက်ရေးကို အားပေးထောက်ခံသလို ဖွံ့ဖြိုးဆဲနိုင်ငံ အဖွဲ့ဝင်များ ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်ရန် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း လီဖေးက ဖော်ညွှန်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင် ကိုယ်စားလှယ်များက ကမ္ဘာ့စီးပွားရေးတိုးတက်မှု၊ ဘက်စုံကုန်သွယ်ရေးယန္တရားအား ထိန်းသိမ်းမှုတွင် တရုတ်နိုင်ငံ၏ အပြုသဘော ကူညီပံ့ပိုးမှုများအား အထူးချီးကျူးပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများ၊ ပိုမိုပွင့်လင်းသော မူဝါဒ လုပ်ဆောင်ချက်များကို တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ အဖွဲ့ဝင်များက ၎င်းတို့အပေါ် တရုတ်နိုင်ငံ၏ လက်တွေ့ အားပေးကူညီမှုများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအားအနည်းဆုံးအဖွဲ့ဝင်များ ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံကုန်သွယ်ရေးယန္တရား၌ တစ်ဆင့်တိုး ပေါင်းစည်းပါဝင်နိုင်ရေးတွင် အားပေးကူညီမှုများကို တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။

ကုန်သွယ်ရေး မူဝါဒ သုံးသပ်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ အဓိက လုပ်ငန်းဆောင်တာ သုံးခုအနက် တစ်ခုဖြစ်ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး မူဝါဒများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)အဖွဲ့ဝင်များ အပြန်အလှန် နားလည်သိရှိစေသည့် အဓိက ယန္တရား ဖြစ်သည်။ အဆိုပါ အစည်းအဝေးမတိုင်မီ တရုတ်နိုင်င့သည် အဖွဲ့ဝင် ၄၄ ဦးမှ မေးမြန်းသော စာလွှာ ၁,၀၀၀ ကျော်ကို ရရှိခဲ့ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ မေးခွန်းအလုံးစုံကို ပြန်လည်ဖြေကြားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
世贸组织举行第九次对中国贸易政策审议
新华社日内瓦7月17日电(记者陈斌杰)世界贸易组织第九次对中国贸易政策审议17日在瑞士日内瓦举行首日会议。
本次审议为期两天,商务部副部长李飞率中国代表团出席审议会议。李飞在发言中表示,世贸组织是多边主义的重要支柱,是全球经济治理的重要舞台。中国坚持走中国式现代化道路,推动实现高质量发展。自2021年10月上次审议以来,中国积极践行真正的多边主义,在全球发展中持续发挥重要作用,以超大规模市场为全球带来更多机遇。中国加强南南合作,落实全球发展倡议,支持发展中成员加快发展。
李飞强调,中国坚定深化高水平对外开放,进一步降低进口关税,提升贸易便利化水平,继续扩大服务领域开放,放宽外资市场准入;中国持续推进深层次改革,充分发挥市场在资源配置中的决定作用,推动有效市场和有为政府更好结合,促进创新、绿色、数字、包容性发展。
李飞指出,中国全面深入参与世贸组织改革谈判,推动世贸组织更好应对全球挑战,支持多边贸易体制包容性发展,帮助发展中成员更好融入全球价值链。
世贸组织成员代表在会上高度评价中国对推动全球经济增长、维护多边贸易体制方面的积极贡献,赞赏中国深化国内改革、进一步扩大开放的政策举措。发展中成员高度赞赏中国以实际行动对其支持,特别是支持最不发达成员加快发展、进一步融入多边贸易体制。
贸易政策审议是世贸组织三大核心职能之一,是世贸组织成员相互了解经济贸易政策的重要机制。会前,中方共收到44个成员提出的1000余个书面问题,并按照规则要求按时提供了全部问题答复。
图说:The World Trade Organization headquarters in Geneva, Switzerland. (Xinhua/Xu Jinquan)