Connect with us

North America

အကြမ်းဖက်တိုက်ခိုက်မှုကို စိုးရိမ်၍ ဥရောပရှိ အမေရိကန် စစ်အခြေစိုက်စခန်းအများအပြား တပ်လှန့်ထား

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်ခရိုင်ရှိ ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦအား ၂၀၂၁ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
အကြမ်းဖက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ အမေရိကန် စစ်ဘက်ဆိုင်ရာက ဥရောပရှိ အမေရိကန် စစ်အခြေစိုက်စခန်းများ၏ တပ်လှန့်မှုကို ဇွန် ၃၀ ရက်က ဒုတိယအဆင့်အထိ တိုးမြှင့်ထားကြောင်း အမေရိကန် အရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ စစ်အခြေစိုက်စခန်းများတွင် ဂျာမနီနိုင်ငံ Stuttgart မြို့ရှိ အမေရိကန် ဥရောပ စစ်ဌာနချုပ်၊ Kaiserslautern မြို့ရှိ Ramstein လေတပ် စစ်အခြေစိုက်စခန်းနှင့် အီတလီနိုင်ငံရှိ Aviano လေတပ် စစ်အခြေစိုက်စခန်းတို့ ပါဝင်ကြောင်း အမည်မဖော်လိုသည့် အရာရှိအချို့၏ သတင်းအရင်းအမြစ်များကို ကိုးကား၍ CNN နှင့် ABC သတင်းဌာနက ဖော်ပြထားသည်။

ဒုတိယ တပ်လှန့်သည့်အဆင့်ကို “Charlie” အဆင့်ဟု ခေါ်ပြီး “အချင်းဖြစ်ပွားခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှု သို့မဟုတ် လူပုဂ္ဂိုလ်နှင့် အဆောက်အဦအား ဦးတည်သည့် အကြမ်းဖက်တိုက်ခိုက်မှုမျိုး ဖြစ်ပွားနိုင်သည်ဟု သတင်းရရှိခြင်း” ကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း အမေရိကန် စစ်တပ် ဝက်ဘ်ဆိုက်၏ဖော်ပြချက်များအရ သိရသည်။

၎င်းတို့အနက် အရာရှိတစ်ဦးက ဤသတိပေးအဆင့်မျိုး မတွေ့ရသည်မှာ “အနည်းဆုံး ၁၀ နှစ် ” ရှိပြီ ဖြစ်သည်ဟု ဆိုသည်။
အမေရိကန် ဥရောပ စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက တပ်လှန့်ထားသည့်အဆင့်အပေါ် အတိအကျ သုံးသပ်ပြောကြားရန်မရှိကြောင်း၊ သို့သော် စစ်တပ်အနေဖြင့် “ပြည်ပရှိ အမေရိကန် စစ်အခြေစိုက်စခန်းများ၏ လုံခြုံရေးအပေါ် သက်ရောက်မည့် အကြောင်းများကို စဉ်ဆက်မပြတ် အကဲဖြတ်သုံးသပ်နေကြောင်း ” ဖြည့်စွက်ပြောကြားခဲ့သည်။ လုံခြုံရေးအရ စစ်တပ်အနေဖြင့် လုပ်ဆောင်ချက်များကို ထုတ်ဖော်ပြောကြားမည်မဟုတ်သော်လည်း သတိထားနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပင်တဂွန် စစ်ဌာနချုပ်က အချို့အကြောင်းတရားများကို ခြုံငုံကြည့်မည်ဆိုလျှင် ဥရောပအခြေစိုက် အမေရိကန်တပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လုံခြုံရေးကို သက်ရောက်နိုင်ကြောင်း အမေရိကန် ဥရောပစစ်ဌာနချုပ်အနေဖြင့် တပ်လှန့်မှုအဆင့်တိုးမြှင့်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန် စစ်ခြေစိုက်စခန်းများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အမြင့်ဆုံး တပ်လှန့်မှုအဆင့်မှာ “Delta” ဖြစ်ပြီး ၎င်းမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးခြင်း သို့မဟုတ် ဖြစ်ပွားတော့မည် ဖြစ်ခြင်း ကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မတ်လက ရုရှားနိုင်ငံ မြို့တော် မော်စကို အနီး ဂီတဖျော်ဖြေရေးခန်းမတစ်ခု တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၁၅၀ သေဆုံးမှု ဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံအများအပြားက တပ်လှန့်သည့်အနေအထားကို တိုးမြှင့်ခဲ့ကြကြောင်း AFP က ဖော်ပြထားသည်။ ပြင်သစ်တွင် ပဲရစ်အိုလံပစ်အားကစား ကျင်းပတော့မည် ဖြစ်သလို ဂျာမနီတွင်လည်း ဥရောပချန်ပီယံရှစ်ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ပြင်သစ်၊ ဂျာမနီ နှစ်နိုင်ငံလုံးက အထူးသတိအနေအထားတွင် ရှိနေကြကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုများ ဆိုးရွားလာခြင်းကြောင့် လက်ရှိ ဂျာမနီနိုင်ငံရှိ အမေရိကန်နိုင်ငံသားများကို ပို၍ သတိထားရန် သတိပေးထားကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
担心恐袭 多个美军驻欧洲基地提高警戒
新华社北京7月2日电 美国官员6月30日披露,由于担心遭到恐怖袭击,美国军方当天把多个美国驻欧洲部队基地的警戒级别提升至第二高。
美国有线电视新闻网(CNN)、美国广播公司新闻部以数名不愿公开姓名的官员为消息源报道,这些军事基地包括在德国斯图加特市的美军欧洲司令部总部、在凯撒斯劳滕市的拉姆施泰因空军基地以及位于意大利的阿维亚诺空军基地。
据美国陆军网站介绍,第二高警戒级别称“查理”级,指“发生事件、收到情报表明可能发生某种形式的恐怖袭击或针对人员及设施的袭击”。
其中一名官员说,他们“至少十年”没有见过这种警戒级别。
美军欧洲司令部发言人丹·戴表示不就具体的警戒级别置评,但补充说,军方正“不断评估影响美国海外军事基地安全的各种因素”。出于安全考虑,军方不会公开具体措施,但将保持警惕。
五角大楼说,由于一些因素综合起来可能影响驻欧美军及其家属的安全,美军欧洲司令部正加强警戒。
美军基地最高反恐警戒级别为“德尔塔”级,意味着恐怖袭击已发生或“即将发生”。
法新社报道,今年3月俄罗斯首都莫斯科近郊一家音乐厅遭到恐怖袭击、造成将近150人丧生后,多个欧洲国家提高警戒状态。法国即将举行巴黎奥运会,欧洲足球锦标赛正在德国举行,法德两国同样高度戒备。美国国务院提醒目前在德国的美国公民,鉴于恐怖主义威胁加剧,要更加谨慎。(聂新宇)
1. 这是2021年8月3日在美国弗吉尼亚州阿灵顿拍摄的五角大楼。新华社记者刘杰摄