Connect with us

Europe

ရုရှားလေပိုင်နက်သို့ ကျူးကျော်ဝင်ရောက်မည့် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းကို ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ရုရှားနိုင်ငံ မြို့တော် မော်စကို ရင်ပြင်နီ အထက်ဝေဟင်မှ ပျံသန်းသွားသော MiG-31 တိုက်လေယာဉ်၊ Tupolev Tu-160 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်၊ Ilyushin Il-78 ဆီဖြည့်လေယာဉ်တို့အား ၂၀၂၂ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ဘဲရန့်ပင်လယ်အထက်ဝေဟင်တွင် ရုရှားနယ်စပ်သို့ ချဉ်းကပ်လာသည့် အမေရိကန် ဗုံးကြဲတိုက်လေယာဉ် နှစ်စင်းကို ဟန့်တားခဲ့ရာ ရုရှားဝေဟင်နယ်နိမိတ် ကျူးကျော်ခံရမှု မရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားစစ်တပ် လေပိုင်နက်စောင့်ကြည့်ရေးစနစ်က ဘဲရန့်ပင်လယ်ပြင်အထက် ဝေဟင်တွင် ရုရှားနယ်စပ်သို့ ချဉ်းကပ်လာသည့် ဝေဟင်ပစ်မှတ်ကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဝေဟင်ပစ်မှတ်ကို ခွဲခြားသိမြင်နိုင်ရန်နှင့် ရုရှားနယ်နိမိတ်သို့ ကျူးကျော်မှုကို တားဆီးနိုင်ရန်အတွက် တာဝန်ကျ MiG-29 နှင့် MiG-31 တိုက်လေယာဉ်များက အရေးပေါ်ပျံတက်ခဲ့ကြောင်း ၊ ဝေဟင်ပစ်မှတ်မှာ အမေရိကန်လေတပ်၏ B-52H မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ဖြစ်သည်ကို ရုရှားဘက်မှ အတည်ပြုခဲ့ကြောင်း သိရသည်။
ရုရှားတိုက်လေယာဉ်များ ချဉ်းကပ်စဉ်တွင် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်သည် ပြန်လှည့်၍ ထွက်ခွာခဲ့ကြောင်း၊ ရုရှားတိုက်လေယာဉ်သည် လုံခြုံဘေးကင်းစွာ အခြေစိုက်နေရာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အချင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့် အသေးစိတ်အခြေအနေကိုမူ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ရုရှားတိုက်လေယာဉ်များသည် ကြားနေ ရေပိုင်နက်၊ လေပိုင်နက် အသုံးပြုမှုဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာမှုရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အလေးထားပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
俄国防部称阻止两架美战略轰炸机侵犯俄领空
新华社莫斯科7月21日电(记者刘恺)俄罗斯国防部21日在社交媒体发布消息说,俄军紧急出动两架战机,拦截了两架在巴伦支海上空向俄罗斯边界靠近的美国战略轰炸机,俄领空未被侵犯。
消息说,俄军空域监控系统在巴伦支海水域上空发现有空中目标接近俄边界。为识别空中目标并防止其侵犯俄领空,执勤的俄防空部队一架米格-29和一架米格-31战机紧急升空。经俄方确认,空中目标为美国空军的两架B-52H战略轰炸机。
俄国防部说,当俄战机逼近时,两架美战略轰炸机转向离开,俄军战机安全返回驻地。俄国防部未透露此次事件的具体发生时间。
俄国防部强调,俄战机飞行严格按照中立水域空域使用国际规则。(完)
1. 2022年5月7日,在俄罗斯首都莫斯科,米格-31战机、图-160战略轰炸机、伊尔-78空中加油机(从后至前)编队飞过红场上空。  新华社记者 白雪骐 摄