Connect with us

Europe

ကနေဒါနိုင်ငံ အနောက်ပိုင်းဒေသ၌ အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းကြောင့် တောမီး ကူးစက်လောင်ကျွမ်းမှုများဖြစ်ပွား

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ် အနောက်မြောက်ပိုင်းဒေသ တောမီးလောင်ကျွမ်းမှု အခြေအနေအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ် တောမီးစီမံခန့်ခွဲရေးဌာန )

ဗန်ကူးဗား၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ယခုနှစ် ဇွန်လမှစ၍ ကနေဒါနိုင်ငံ အနောက်ပိုင်း ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်နှင့် အယ်လ်ဗားတားပြည်နယ် အချို့ဒေသများတွင် အစွန်းရောက် အပူချိန်မြင့်မားမှုနှင့် မိုးခေါင်ရေရှား ရာသီဥတု ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် တောမီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပွားခဲ့သလို မီးလောင်ကျွမ်းမှုများသည် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ လက်ရှိ ယင်းပြည်နယ်နှစ်ခုတွင် ထိန်းချုပ်မရသော မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာ ၃၀၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
加拿大西部地区高温干旱野火蔓延
新华社温哥华7月21日电(记者林威)自今年6月底以来,加拿大西部不列颠哥伦比亚省和艾伯塔省部分地区持续出现极端高温和干旱天气,导致野火频发并迅速蔓延。目前两省已有超过300处火场失控。
1. 这是7月20日在加拿大不列颠哥伦比亚省西北部地区拍摄的野火情况(航拍照片)。新华社发(加拿大不列颠哥伦比亚省野火管理局供图)