Connect with us

China

ပါလက်စတိုင်း နယ်မြေများအား အစ္စရေး သိမ်းပိုက်ခြင်းအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးက တရားမဝင်ဟု သတ်မှတ်ခြင်းမှာ အရေးကြီးသည့် သမိုင်းမှတ်တိုင်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
သိမ်းပိုက်ခံရသော ပါလက်စတိုင်းနယ်မြေများကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က အကြုံပြုချက်အမြင်သဘောထားတစ်ရပ်အား မကြာသေးမီက ထုတ်ပြန်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အများစု စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များကို တုံ့ပြန်ခဲ့ရာ ပါလက်စတိုင်းနယ်မြေများကို အစ္စရေး ဆက်လက်သိမ်းပိုက်ခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အတိအလင်းသတ်မှတ်ခဲ့ပြီး အစ္စရေးတွင် ပါလက်စတိုင်း နယ်မြေတွေကို တရားမ၀င် သိမ်းပိုက်မှု ချက်ချင်းရပ်ရန် တာဝန်ရှိသည်ဟု ဖော်ပြခဲ့ကြောင်း၊ ယင်းမှာ အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇူလိုင် ၂၂ ရက်တွင် ထောက်ပြခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းက ယင်းကိစ္စကို အထူးအာရုံစိုက်ခဲ့ကြကြောင်း မော်နင်က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တာဝန်ယူမှုရှိသောနိုင်ငံကြီးတစ်ခုအနေဖြင့် တရုတ်နိုင်ငံသည် တရားရုံးအမှုစစ်ဆေးခြင်းလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပြီး သဘောထားအမြင်များကို စာဖြင့်ရေးသားတင်ပြခဲ့သလို တရားရုံးတွင် ထွက်ဆိုပြောကြားခဲ့ကြောင်း၊ အရေးကြီးသော နိုင်ငံတကာဥပဒေရေးရာကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ဘက်စုံဖော်ပြခဲ့ပါကြောင်း၊ ဤရပ်တည်ချက်များသည် တရားရုံးက ထုတ်ပြန်သော အကြံပေးအမြင်များတွင် အပြည့်အဝ ထင်ဟပ်နေကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ တရားဥပဒေရေးရာများတွင် အပြုသဘောဆောင်သောပါဝင်ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတကာ တရားမျှတမှုနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး တိုးတက်မှုကို ကာကွယ်ထိန်းသိမ်းရန် လက်တွေ့ကျစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“ပါလက်စတိုင်းကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က တသမတ်တည်းရှိပြီး ရှင်းလင်းပါတယ်။ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုဘက်ခြမ်းမှာ ကျွန်မတို့ အမြဲတမ်း ရပ်တည်ခဲ့ပြီး နိုင်ငံအများစုရဲ့ ဘုံဆန္ဒနဲ့ လူသားမျိုးနွယ်တွေရဲ့ အသိတရားဘက်မှာ ရပ်တည်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး၏အကြံပေးအမြင်ကို လမ်းညွှန်မှုအဖြစ်ခံယူကာ ပါလက်စတိုင်းပြဿနာကို ဆောလျင်စွာဖြေရှင်းပြီး အရှေ့အလယ်ပိုင်းဒေသတွေမှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ အဆက်မပြတ်ကြိုးပမ်းအားထုတ်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

……………………………………………
(Chinese Version)
外交部:国际法院认定以色列占领巴勒斯坦领土非法具有重要里程碑意义
新华社北京7月22日电(记者马卓言、刘杨)外交部发言人毛宁22日表示,国际法院日前就巴勒斯坦被占领土案发表咨询意见,回应国际社会普遍关切和期待,明确认定以色列持续占领巴勒斯坦领土违反国际法,以色列有义务立即结束对巴勒斯坦领土的非法占领,具有重要里程碑意义。
毛宁在例行记者会上说,国际社会高度关注此案。中国作为负责任大国,积极参与法院审理过程,提交书面意见并出庭作口头陈述,全面阐述对重要国际法问题的立场。这些立场已经充分体现在法院发表的咨询意见中。中方将继续建设性参与国际法律事务,以实际行动维护国际公平正义与国际法治进步。
“中方在巴勒斯坦问题上的立场是一贯的、明确的。我们始终站在和平、公道一边,站在大多数国家的共同愿望和人类良知一边。”毛宁说,“期待国际社会以法院咨询意见为指导,为促进巴勒斯坦问题早日解决、实现中东地区持久和平稳定不懈努力。”(完)