Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံက Facebook ၏ မိခင်ကုမ္ပဏီကို ဒဏ်ငွေ ဒေါ်လာ သန်း ၂၂၀ ချမှတ်ရန် ဆုံးဖြတ်

အဘူဂျာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

Facebook ၏ မိခင်ကုမ္ပဏီ Meta Platforms ကုမ္ပဏီနှင့် ၎င်းလက်အောက်ခံ WhatsApp ကုမ္ပဏီတို့အား ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၂၀ ချမှတ်ရန် နိုင်ဂျီးရီးယားနိုင်ငံက ဆုံးဖြတ်ခဲ့ကြောင်း ၎င်းနိုင်ငံ ပြိုင်ဆိုင်မှုကြီးကြပ်ရေးဌာနက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

သုံးနှစ်ကြာ အသေးစိတ် စုံစမ်းစစ်ဆေးပြီးနောက် Meta Platforms ကုမ္ပဏီသည် နိုင်ဂျီးရီးယား ဒေတာ အဓိက အစိတ်အပိုင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ပေးပို့ခွင့်နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များမျှဝေခွင့် စသည့်လုပ်ဆောင်ချက်များကို ပိတ်ပင်ခဲ့ကြောင်း သတ်မှတ်ခဲ့သည်ဟု နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ဂျီးရီးယားနိုင်ငံ ပြိုင်ဆိုင်မှု နှင့် စားသုံးသူ ကာကွယ်ပေးရေး ကော်မရှင်၏ ယာယီ တာဝန်ခံ Adamu Abdullahi က ထိုနေ့တွင် ပြောကြားခဲ့သည်။
Meta Platforms ကုမ္ပဏီသည် အခြားနိုင်ငံများတွင် ဒေတာ အဓိက အစိတ်အပိုင်းကို မျှဝေခြင်းရှိ၊မရှိ ရွေးချယ်ခွင့်ပြုထားပြီး နိုင်ဂျီးရီးယားနိုင်ငံ၌ ဤကဲ့သို့အခြေအနေမဟုတ်သောကြောင့် နိုင်ဂျီးရီးယားကြီးကြပ်ရေးအာဏာပိုင်များက ထိုသို့ခွဲခြားဆက်ဆံမှုများအတွက် ဒဏ်ငွေချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း Abdullahi က ပြောကြားခဲ့သည်။WhatsApp ကုမ္ပဏီက ၎င်း၏မိခင်ကုမ္ပဏီ Meta Platforms အနေဖြင့် ဤဒဏ်ငွေဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ဂျီးရီးယားသတင်းအေဂျင်စီ၏ ကြေညာချက်အရ သိရသည်။ (Xinhua)
……………………………………………..
(Chinese Version)
尼日利亚决定对脸书母公司罚款2.2亿美元
新华社阿布贾7月23日电(记者杨喆 侯鸣)尼日利亚联邦竞争监管机构23日表示,尼日利亚已决定对脸书母公司元宇宙平台公司及其下属沃茨阿普公司处以2.2亿美元罚款。
当天在尼首都阿布贾举行的新闻发布会上,尼日利亚联邦竞争和消费者保护委员会代理负责人阿达穆·阿卜杜拉希说,经过3年密集调查,认定元宇宙平台公司存在剥夺尼日利亚数据主体的自决权、传输权和共享个人数据权利的行为。
阿卜杜拉希说,在其他国家,元宇宙平台公司让数据主体选择是否共享其数据,但尼日利亚的情况并非如此,因此尼监管机构决定针对这种歧视性做法处以罚款。
据尼日利亚通讯社报道,沃茨阿普公司表示,其母公司元宇宙平台公司将对罚款决定提出上诉。(完)