Connect with us

Europe

ဂျာမနီဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရန် Scholz ကြိုးပမ်းမည်

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဂျာမနီနိုင်ငံဝန်ကြီးချုပ် Scholz အား ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Scholz သည် ၂၀၂၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရန် ကြိုးပမ်းမည်ဟု ဘာလင်မြို့တွင် ဇူလိုင် ၂၄ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ လက်ရှိတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီသည် Scholz အား ၎င်းတို့၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းထားခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)


………………………………………………….
(Chinese Version)
朔尔茨将寻求连任德国总理
柏林,2024年7月24日
德国总理朔尔茨24日在柏林举行的新闻发布会上宣布,他将寻求作为社民党候选人,参加2025年联邦议院选举,争取连任总理。目前,社民党尚未正式提名朔尔茨为总理候选人。
图说:7月24日,德国总理朔尔茨在柏林举行的新闻发布会上讲话。新华社记者 李函林 摄