Connect with us

Asia

BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် မလေးရှားနိုင်ငံ ပါဝင်ရန် လျှောက်ထား

ကွာလာလမ်ပူ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် ပါဝင်ရန် BRICS ၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော ရုရှားနိုင်ငံသို့ စာပေးပို့ခဲ့ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါက ဇူလိုင် ၂၈ ရက်၌ ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံစဉ် BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် ပါဝင်ရန် မလေးရှားနိုင်ငံ လျှောက်ထားမှုကို အဓိကထားဆွေးနွေးခဲ့ကြောင်း၊ ယင်းမှာ “နှစ်နိုင်ငံစလုံးအတွက် အလွန်အရေးကြီးတဲ့အနက်အဓိပ္ပါယ်ရှိပြီး အားကောင်းခိုင်မာသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မယ့် ကျွန်ုပ်တို့ရဲ့ သန္နိဋ္ဌာန်ကိုလည်း ထင်ဟပ်စေပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lavrov သည် ဇူလိုင် ၂၇ ရက်မှ ၂၈ ရက်အထိ မလေးရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
马来西亚申请加入金砖国家合作机制
新华社吉隆坡7月28日电(记者汪艺)马来西亚总理安瓦尔28日在社交媒体上说,马来西亚已致函金砖国家轮值主席国俄罗斯,申请加入金砖国家合作机制。
安瓦尔表示,他在会见俄罗斯外长拉夫罗夫时,重点讨论了马来西亚申请加入金砖国家合作机制事宜,这“对两国来说都具有重大意义,也凸显我们致力于促进强有力国际合作的决心”。
俄罗斯外长拉夫罗夫27日至28日访问马来西亚。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.