Connect with us

Europe

ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

ဖမ်းဆီးထိန်းသိမ်းခံထားရသော ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Timur Ivanov အား မော်စကိုမြို့ ဘာမန်ခရိုင်တရားရုံးတွင် ရုံးထုတ်နေသည်ကို ဧပြီ ၂၄ ရက်က ဗီဒီယိုမြင်ကွင်းမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Timur Ivanov ကို “ယုံကြည်မှု ဆုံးရှုံးသွားခြင်း ”ကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း TASS သတင်း အေဂျင်စီက ဇူလိုင် ၂ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် ကာလတွင်း Timur Ivanov သည် ၎င်း၏ရာထူးတာဝန်ကို အသုံးချ၍ လာဘ်ယူမှုရှိရာ စုစုပေါင်းတန်ဖိုး ရူဘယ် ၁.၁၈၅ ဘီလီယံ ရှိကြောင်း တရားဥပဒေစိုးမိုးရေးဌာန၏သတင်းကို ကိုးကား၍ ဖော်ပြာထားသည်။

Timur Ivanov သည် ၂၀၁၆ ခုနှစ် မေလတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ရုရှားစစ်တပ်၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ တပ်စခန်းချထားမှု၊ နေအိမ်နှင့် ဆေးကုသမှု စသည့် ထောက်ပံ့ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
新华简讯|俄罗斯副防长被解职

新华社莫斯科7月2日电 据塔斯社2日报道,俄罗斯国防部副部长铁木尔·伊万诺夫已因“失去信任”而被解除职务。报道援引执法部门消息说,伊万诺夫被指在2018年至2023年期间利用职务之便收受贿赂,总价值至少11.85亿卢布(1元人民币约合12卢布)。
伊万诺夫于2016年5月被任命为俄国防部副部长,负责俄武装部队财产管理、部队驻扎、住房和医疗支持等工作。(完)
1. 这张4月24日发布的视频截图显示,已被拘留的俄罗斯国防部副部长铁木尔·伊万诺夫在莫斯科巴斯曼区法院出庭。