Connect with us

Asia

“ဂျပန်အစိုးရက အမေရိကန်စစ်တပ်များ၏ ရာဇ၀တ်မှုများအပေါ် ဖုံးကွယ်ထားခြင်းကို လုံးဝ ခွင့်မပြု”၊ ဂျပန်နိုင်ငံအခြေစိုက် တပ်စွဲထားသော အမေရိကန်စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် ပတ်သက်၍ ဂျပန်အစိုးရ ဖုံးကွယ်ထားခြင်းအပေါ် ဂျပန်ပြည်သူများက အပြင်းအထန် ကန့်ကွက်ဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနအပြင်၌ အမေရိကန်စစ်တပ်များ လိင်ပိုင်းဆိုင်ရာ စော်ကားမှုသတင်းနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ ဖုံးကွယ်ထားမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ပြည်သူလူထုကို ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

လက်ထဲတွင် “လျစ်လျူရှုခံထားရသော အိုကီနာဝါမိန်းကလေးများ၏ ဒေါသသံ”၊ “မိမိတို့ အိုကီနာဝါ အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ပြန်ပေး”၊ “ဂျပန်အစိုးရက အမေရိကန်စစ်တပ် ရာဇ၀တ်မှုများကို ဖုံးကွယ်ထားခြင်းအပေါ် လုံးဝ ခွင့်မပြု” စသည့် ကြွေးကြော်သံ စာတန်းများ ကိုင်ဆောင်ထားသော ဂျပန်ပြည်သူ ၃၅၀ ကျော် ဇူလိုင် ၂ ရက် ညနေပိုင်းက ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တံခါးပေါက်ရှေ့၌ စုဝေးပြီး ဂျပန်နိုင်ငံ အခြေစိုက် အမေရိကန်စစ်တပ်၏ မကောင်းမှု ဒုစရိုက်များကို ဒေါသတကြီး ထုတ်ဖော်ခဲ့ကြသလို အမေရိကန်စစ်တပ်၏ အိုကီနာဝါ အမျိုးသမီးများအပေါ် ကျူးလွန်ခဲ့သော ရာဇ၀တ်မှု အဆက်ဆက်ကို ဖုံးကွယ်ထားသည့် ဂျပန်အစိုးရ၏ ပြည်သူများအပေါ် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သိရသည်။

ယခင်နှစ် ဒီဇင်ဘာလနှင့် ယခုနှစ် မေလတွင် ဂျပန်နိုင်ငံ အခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင်များက အိုကီနာဝါအမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း ဂျပန်တာဝန်ရှိသူများက ယင်းနှင့်သက်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ဖူးကြောင်း၊ ယခုနှစ် ဇွန်လကုန်ရောက်မှသာ ဂျပန်မီဒီယာများက အထက်ဖော်ပြပါကိစ္စရပ်ကို ဖော်ထုတ်ခဲ့ကြရာ ဂျပန်ပြည်သူများက ပြင်းပြင်းထန်ထန်သော အမျက်ဒေါသထွက်ခဲ့ကြကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

………………………………………………
(Chinese Version)
“绝不允许政府隐瞒美军罪行”——日本民众强烈抗议政府隐瞒驻日美军性侵案
东京,2024年7月3日
7月2日傍晚,350余名日本民众聚集在日本外务省门前,手持写有“被漠视的冲绳少女的愤怒之声”“还我冲绳女性尊严”“绝不允许政府隐瞒美军罪行”等的标语牌和横幅,表达对驻日美军犯下恶行的愤慨,强烈抗议日本政府对日本民众隐瞒接连发生的驻日美军侵犯冲绳女性的罪行。
据日本媒体报道,去年12月和今年5月,相继发生了两起驻日美军侵犯冲绳女性的案件,但日本官方此前均未对外公布相关消息。直到今年6月底日本媒体曝出上述案件,引发了日本民众强烈愤慨。
图说:7月2日,在日本东京,民众聚集在日本外务省外,抗议日本政府隐瞒冲绳美军性侵消息。新华社记者 张笑宇 摄