Connect with us

Africa & Middle East

ဟားမက်စ် နိုင်ငံရေးဗျူရိုခေါင်းဆောင် အီရန်၌ လုပ်ကြံသတ်ဖြတ်ခံရ

အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဟားမက်စ် နိုင်ငံရေးဗျူရိုခေါင်းဆောင် Ismail Haniyeh (အလယ်) အား ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ နိုင်ငံရေးဗျူရိုခေါင်းဆောင် Ismail Haniyeh သည် ဇူလိုင် ၃၁ ရက် နံနက်အစောပိုင်းက တီဟီရန်မြို့၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ထိုနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို မကြာခင် ထုတ်ပြန်မည်ဟု အီရန်နိုင်ငံဘက်က ပြောကြားခဲ့သည်။ Haniyeh သည် ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် ကျင်းပသော အီရန်နိုင်ငံ သမ္မတ ပါဇက်ရှ်ကီရမ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် တီဟီရန်မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။
ယင်းလုပ်ကြံသတ်ဖြတ်မှုသည် အစ္စရေး၏ လုပ်ရပ်များဖြစ်ပြီး “သူရဲဘောကြောင်တဲ့လုပ်ရပ်” ဖြစ်ကြောင်း၊ ဟားမက်စ်တို့အနေဖြင့် တိုက်ခိုက်သူအား လက်စားချေသွားမည်ဟု ကျိန်ဆိုကြောင်း ဟားမက်စ်ဘက်က ချက်ချင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခုအချိန်အထိ မည်သည့်အဖွဲ့အစည်းကမျှ ဤလုပ်ကြံသတ်ဖြတ်မှုကို ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)
…………………………………………………..
(Chinese Version)
哈马斯政治局领导人在伊朗遭暗杀
新华社德黑兰7月31日电 伊朗伊斯兰革命卫队7月31日证实,巴勒斯坦伊斯兰抵抗运动(哈马斯)政治局领导人伊斯梅尔·哈尼亚当天在德黑兰凌晨遭暗杀。
伊朗方面表示,正在对这起事件进行调查,调查结果将很快公布。据报道,哈尼亚前往德黑兰是为出席30日下午举行的伊朗总统佩泽希齐扬宣誓就职仪式。
哈马斯方面随即发表声明说,这起暗杀事件系以色列所为,是“懦弱行为”,哈马斯方面发誓将对袭击方进行报复。
截至目前,尚无任何组织声称制造了这起暗杀事件。(完)
图说:这是7月30日在伊朗德黑兰拍摄的伊斯梅尔·哈尼亚(中)。