Connect with us

China

ဘီလာရုဇ်နိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် လက်ခံ

အက်စ်တာနာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံ မြို့တော် အက်စ်တာနာတွင် ဇူလိုင် ၄ ရက်၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ ၂၄ ကြိမ်မြောက် အစည်းအဝေးတွင် ဘီလာရုဇ်နိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံခဲ့သည်။

အစည်းအဝေးအစ၌ ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ် က အမှာစကားပြောကြားရာတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် “ဩဇာအကြီးမားဆုံးသော နိုင်ငံတကာ အဖွဲ့အစည်းများအနက် တစ်ခု ” ဖြစ်လာပြီ ဖြစ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ တစ်မူထူးခြားမှုနှင့် အနာဂတ်အလားအလာ ကြီးမားမှုများကြောင့် အခြားနိုင်ငံများက ဤအဖွဲ့အစည်းတွင် ပါဝင်လိုမှုမြင့်မားလာကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ကို ၂၀၀၁ ခုနှစ် ဇွန် ၁၅ ရက်က ရှန်ဟိုင်းမြို့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကနဦးအဖွဲ့ဝင်များမှာ တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ ဖြစ်ကြသည်။ ၂၀၁၇ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အက်စ်တာနာ ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများကို အဖွဲ့ဝင်နိုင်ငံအဖြစ် ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ ကောင်စီ ၂၃ ကြိမ်မြောက် အစည်းအဝေးတွင် အီရန်နိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့သည်။ လက်ရှိ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)သည် ဘီလာရုဇ်အပါအဝင် တရားဝင်အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ၊ လေ့လာစောင့်ကြည့်သည့် နိုင်ငံ ၂ နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုမိတ်ဖက်နိုင်ငံ ၁၄ နိုင်ငံ ရှိသည်။ (Xinhua)
………………………….
(Chinese Version)
上合组织正式接收白俄罗斯为成员国
新华社阿斯塔纳7月4日电(记者赵冰 黄河)4日,在哈萨克斯坦首都阿斯塔纳举行的上海合作组织(简称上合组织)成员国元首理事会第二十四次会议正式接收白俄罗斯共和国为成员国。
在当天会议开始时,哈萨克斯坦总统托卡耶夫在发言中说,上合组织已成为“最具权威的国际组织之一”,鉴于上合组织的独特性和巨大潜力,其他国家对加入该组织的兴趣正在“稳步增长”。
上合组织于2001年6月15日在上海成立,创始成员国为中国、俄罗斯、哈萨克斯坦、吉尔吉斯斯坦、塔吉克斯坦和乌兹别克斯坦。2017年上合组织阿斯塔纳峰会决定给予印度和巴基斯坦成员国地位。2023年7月,上合组织成员国元首理事会第二十三次会议正式接收伊朗为成员国。目前,上合组织拥有包括白俄罗斯在内的10个正式成员国,2个观察员国和14个对话伙伴。