Connect with us

Europe

စတုတ္ထအကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး အစီရင်ခံစာတွင် တရုတ်နိုင်ငံ ပါဝင်မှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြု

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ၅၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအခမ်းအနားကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇူလိုင် ၄ ရက်က ကျင်းပနေသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စတုတ္ထအကြိမ် နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး အစီရင်ခံစာတွင် တရုတ်နိုင်ငံ ပါဝင်မှုကို တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်းသိရသည်။
ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် သံအမတ်ကြီး ချန်ရွှိက တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်တက်ရောက်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့တရားရုံးချုပ်စသည့် သက်ဆိုင်ရာဌာနများ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသများမှ ကိုယ်စားလှယ်များက တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်များအနေဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)


……………………………………..
(Chinese Version)
联合国人权理事会核可中国参加第四轮国别人权审议报告
日内瓦,2024年7月5日
7月4日,正在瑞士日内瓦举行的联合国人权理事会一致核可中国参加第四轮国别人权审议报告。中国常驻联合国日内瓦办事处和瑞士其他国际组织代表陈旭大使率中国政府代表团与会。外交部、最高人民法院等有关单位,西藏自治区、新疆维吾尔自治区和香港、澳门特别行政区代表作为中国政府代表团成员与会。
图说:这是7月4日在瑞士日内瓦拍摄的联合国人权理事会第56届会议现场。新华社记者 连漪 摄