Connect with us

Africa & Middle East

ဂါဇာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရန် အစ္စရေးနိုင်ငံ ထောက်လှမ်းရေး အကြီးအကဲ ကာတာနိုင်ငံသို့ သွားရောက်မည်

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဇက် ဘိုင်ဒန်တို့ ဆက်သွယ်ပြောနေသည်ကို ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့နှင့် အပစ်အခတ်ရပ်စဲရေး၊ ထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးရေးစသည့် ကိစ္စရပ်များကို တစ်ဆင့်ခံ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် အစ္စရေးနိုင်ငံက စေ့စပ်ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့စေလွှတ်မည်ကို ဆုံးဖြတ်ပြီးဖြစ်ကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဇက် ဘိုင်ဒန်နှင့် ဖုန်းဆက်သွယ်ပြောကြားခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ ဘိုင်ဒန်က ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။


အစ္စရေးထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးအေဂျင်စီ (Mossad) မှ အကြီးအကဲ David Barnea က အစ္စရေးနိုင်ငံမှ စေလွှတ်ထားသော စေ့စပ်ညှိနှိုင်းရေး အဖွဲ့အား ဦးဆောင်ပြီး ကာတာနိုင်ငံ မြို့တော် ဒိုဟာသို့ ဇူလိုင် ၅ ရက်တွင် ရောက်ရှိရန် စီစဉ်ထားကြောင်း၊ ထိုအချိန်တွင် ကာတာနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman Al-Thani နှင့် တွေ့ဆုံပြီး ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် ထိန်းသိမ်းခံထားရသူများအား လွှတ်ပေးရေး ကိစ္စတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း အေအက်ဖ်ပီက အဆိုပါ ကိစ္စနှင့် ဆက်စပ်သူများ၏ အချက်အလက်ကို ကိုးကား၍ ထိုနေ့တွင် ဖော်ပြခဲ့သည်။
ထိန်းသိမ်းခံထားရသော အစ္စရေးတပ်သားများ ဒါဇင်နှင့်ချီ အသက်ရှင်လျက် ရှိနေသေးပြီး ပါလက်စတိုင်း လက်နက်ကိုင်များက ဂါဇာကမ်းမြောင်တွင် ဝှက်ထားခြင်းဖြစ်ကြောင်း အစ္စရေးနိုင်ငံက ယုံကြည်ကြသည်။


နေတန်ယာဟုသည် လုံခြုံရေး အစိုးရအဖွဲ့ အစည်းအဝေးကို ဇူလိုင် ၄ ရက်က ကျင်းပခဲ့သည်။ နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေးနှင့် ထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးရေးနှင့် ပတ်သက်၍ ဟားမက်စ်နှင့် တစ်ဆင့်ခံ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် အတည်ပြုခဲ့ကြောင်း အစ္စရေးနိုင်ငံ အရာရှိများက ပြောကြားခဲ့သည်။ အစ္စရေးအစိုးရသည် ရရှိထားသော သဘောတူညီချက်နှင့်ပတ်သက်၍ အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဟားမက်စ်သည် နိုင်ငံတကာအသိုက်အဝန်းအား အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် စာဖြင့်အာမခံချက်ပေးရန် တောင်းဆိုမှုကို စွန့်လွှတ်ရန် သဘောတူခဲ့ကြောင်း အစ္စရေးလူထုအသံလွှင့်ကော်ပိုရေးရှင်းမှ ပြောကြားခဲ့ပါသည်။
အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသတွင် ပြုလုပ်သော စစ်ရေးလှုပ်ရှားမှုများကြောင့် ယနေ့အထိ ပါလက်စတိုင်းလူ ၃၈,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး စားနပ်ရိက္ခာပြတ်လပ်မှု ဆိုးရွားခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး အဆက်မပြတ် ပြင်းထန်နေခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)
…………………………………….
(Chinese Version)
以色列情报主管将赴卡塔尔磋商加沙停火
新华社北京7月5日电 以色列总理本雅明·内塔尼亚胡4日与美国总统约瑟夫·拜登通电话,告知美方,以方已决定派出谈判小组,与巴勒斯坦伊斯兰抵抗运动(哈马斯)就停火和释放被扣押人员等问题进行非直接谈判。拜登对此表示欢迎。
法新社当天援引知情人士所提供的消息报道,以色列情报和特勤局(摩萨德)局长达维德·巴尔内亚将率领以方派出的释放被扣押人员问题谈判小组,定于5日抵达卡塔尔首都多哈,届时将会晤卡塔尔首相兼外交大臣穆罕默德·本·阿卜杜勒拉赫曼·阿勒萨尼,就加沙地带停火、释放被扣押人员展开磋商。
以方相信,仍有数十名被扣以方人员还活着,被巴方武装人员藏匿在加沙地带。
内塔尼亚胡4日举行安全内阁会议。以色列官员说,内塔尼亚胡已批准继续与哈马斯就停火、释放被扣押人员进行非直接谈判。以公共广播公司说,以政府对达成协议表示“乐观”,称哈马斯已同意放弃要求国际社会为永久停火提供书面保证。
加沙地带卫生部门发布的数据显示,以色列在加沙地带的军事行动迄今已造成超过3.8万巴勒斯坦人死亡。另外,加沙地带八成人口流离失所,食品严重短缺,人道主义灾难不断加剧。
图说:这张4月14日发布的照片显示,以色列总理内塔尼亚胡与美国总统拜登通电话。新华社发(以色列政府新闻办公室供图)