Connect with us

Asia

တောင်ကိုရီးယားနိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ဆက်တိုက်ဖြစ်ပွားနေ၊ အစိုးရက အရေးပေါ် ကပ်ရောဂါကာကွယ်ရန် ညွှန်ကြားထား

တောင်ကိုးရီးယားနိုင်ငံ မြောက်ပိုင်း Gyeongsang ပြည်နယ် Andong မြို့ရှိ ဝက်မွေးမြူရေးခြံတွင် ပြင်ပလူများနှင့် မော်တော်ကားများ ဝင်ထွက်ခြင်းကို ကြီးကြပ်ပေးနေသော ကပ်ရောဂါ ကာကွယ်ရေး ဝန်ထမ်းများအား ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မကြာသေးမီက တောင်ကိုရီးယားနိုင်ငံ နေရာအများအပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရဌာနများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သက်ဆိုင်ရာဌာနများကို ကပ်ရောဂါပျံ့နှံ့မှု တားဆီးရေးအတွက် အရေးပေါ် ကပ်ရောဂါကာကွယ်ရေး အစီအမံများကို လုပ်ဆောင်ရန် တောင်ကိုးရီးယားနိုင်ငံဝန်ကြီးချုပ် Han Deok-soo က ဇူလိုင် ၇ ရက်တွင် ညွှန်ကြားခဲ့သည်။

ဆိုးလ်မြို့အရှေ့တောင်ဘက် ၁၆၁ ကီလိုမီတာအကွာရှိ မြောက်ပိုင်း Gyeongsang ပြည်နယ် Yecheo ခရိုင်တွင် အာဖရိကဝက်အပြင်းဖျားရောဂါတွေ့ရှိခဲ့ကြောင်း၊ ယင်းအခင်းဖြစ်ပွားသည့် ဝက်ခြံတွင် ဝက်ကောင်ရေ ၉၀၀ ခန့်မွေးမြူထားကြောင်း တောင်ကိုရီးယားမီဒီယာများက ဇူလိုင် ၇ ရက်၌ သတင်းဖော်ပြခဲ့သည်။

ယင်းသည် ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံတွင် ၆ ကြိမ်မြောက် အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုဖြစ်ကြောင်း၊ မြောက်ပိုင်း Gyeongsang ပြည်နယ်ရှိ Andong မြို့၌လည်း ယခုလ ၂ ရက်တွင် အဆိုပါကပ်ရောဂါဖြစ်ပွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Han Deok-soo က သက်ဆိုင်ရာအစိုးရဌာနများအား ကပ်ရောဂါတွင်ပါ၀င်သော ၀က်များကို သုတ်သင်ခြင်း၊ ပို့ဆောင်ရေးတားမြစ်ချက်ထုတ်ပြန်ခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခြင်း အပါအဝင် အရေးပေါ် ကပ်ရောဂါကာကွယ်ရေးအစီအမံများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)
韩国连发非洲猪瘟疫情 政府下令紧急防疫
新华社北京7月8日电 韩国多地近期连发非洲猪瘟疫情,引发政府部门关注。韩国国务总理韩德洙7日下令相关部门采取紧急防疫措施,防止疫情扩散。
据韩国媒体7日报道,位于首尔东南方向161公里处的庆尚北道醴泉郡出现非洲猪瘟疫情,事发养猪场饲养约900头生猪。这是韩国今年报告的第6起非洲猪瘟疫情。本月2日,同样位于庆尚北道的安东市也报告这一疫情。
韩国总理办公室发表声明说,韩德洙下令相关政府部门采取紧急防疫措施,包括扑杀涉疫生猪、发布运输禁令和开展流行病学调查等。
图说:2010年11月29日,在韩国庆尚北道安东市一家养猪场内,防疫工作者进行外部人员和车辆出入管制。新华社/联合通讯社