Connect with us

China

လေ့လာရေး အဖွဲ့က ဟိုင်နန်ကျွန်း အရှေ့ဘက် ပင်လယ်ပြင်တွင် ဝေလငါးကြီးအမျိုးအစား အများအပြား တွေ့ရှိ

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း အရှေ့ဘက် ပင်လယ်ပြင်တွင် ဆူးတောင်တို ပိုင်းလော့ ဝေလငါးအုပ်စုတစ်စု ကူးခတ်လာသည်ကို ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းရ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မကြာသေးမီက “Haitang’s Marine Biodiversity” စူးစမ်းလေ့လာရေးအဖွဲ့သည် ဟိုင်နန်ကျွန်း အရှေ့ဘက် ပင်လယ်ပြင်တွင် ဆူးတောင်တို ပိုင်းလော့ ဝေလငါးများ၊ Fraser’s လင်းပိုင်များနှင့် သွားကြမ်း လင်းပိုင်များ စသည်တို့ အပါအဝင် ဝေလငါးကြီးအမျိုးအစား (အဏ္ဏဝါနို့တိုက်သတ္တဝါ) အများအပြားကိုတွေ့မြင်ခဲ့ရသည်။
ယခုတစ်ကြိမ်လေ့လာတွေ့ရှိခဲ့သည့်အဖွဲ့တွင် မိခင်နှင့်ကလေး အုပ်စုများစွာပါဝင်ပြီး တောင်တရုတ်ပင်လယ်၏ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု အပြည့်အဝပြသနေကြောင်း သိပ္ပံသုတေသနပညာရှင်များ၏အဆိုအရ သိရသည်။

ဤလေ့လာရေးခရီးကို ဟိုင်နန်ပြည်နယ် အဏ္ဏဝါဗေဒဌာန၊ ဆန်းရ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဗျူရို၊ တရုတ်သိပ္ပံအကယ်ဒမီ၏ ရေနက်သိပ္ပံနှင့် အင်ဂျင်နီယာဌာန၊ ဖဲကြိုးပြာ သမုဒ္ဒရာ ကာကွယ်ထိန်းသိမ်းရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။ (Xinhua)

………………………………………………………
(Chinese Version)
考察团队在海南岛东部海域目击到大量鲸豚类动物
三亚(海南),2024年7月7日
近日,“心系‘海棠’海洋生物多样性”考察团队在海南岛东部海域目击到大量鲸豚类动物,包括短肢领航鲸、弗氏海豚、糙齿海豚等。
据科研人员介绍,此次观测到的群体包含大量母子对,充分展现了我国南海丰富的生物多样性。
据了解,本次考察活动由海南省海洋厅、三亚市农业农村局、中国科学院深海科学与工程研究所、蓝丝带海洋保护协会共同开展。
图说:7月6日,一群短肢领航鲸在海南岛东部海域畅游(无人机照片)。新华社记者 张丽芸 摄