Connect with us

Africa & Middle East

အမေရိကန် အခြေစိုက်တပ်များ နိုင်ဂျာနိုင်ငံ လေတပ်စခန်းမှ ဆုတ်ခွာ

နိုင်ဂျာနိုင်ငံ မြို့တော် နီယာမေးရှိ လမ်းမတစ်ခု၏ မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်များ နိုင်ဂျာနိုင်ငံ မြို့တော် နီယာမေးရှိ ၁၀၁ လေတပ်အခြေစိုက်စခန်းမှ ဇူလိုင် ၇ ရက်က ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်းနှင့် ယခုနှစ် စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ နိုင်ဂျာနိုင်ငံမှ ဘက်စုံဆုတ်ခွာသွားမည်ဖြစ်ကြောင်း နိုင်ဂျာနိုင်ငံနှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့က ထိုနေ့တွင် ကြေညာခဲ့သည်။

နီယာမေးမြို့ ရှိ ၁၀၁ လေတပ်အခြေစိုက်စခန်းမှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာခြင်းနှင့် စက်ပစ္စည်းကိရိယာများ ပြန်လည်သယ်ယူခြင်းလုပ်ငန်း ပြီးမြောက်ခဲ့ပြီး နောက်တစ်ဆင့်မှာ အာဂါဒက်ဇ်ဒေသရှိ ၂၀၁ လေတပ်အခြေစိုက်စခန်းမှ ဆုတ်ခွာမည်ဖြစ်ကြောင်း နှစ်နိုင်ငံပူးတွဲကြေညာချက်အရ သိရသည်။

၂၀၁ အခြေစိုက်စခန်းမှ ဆုတ်ခွာခြင်းလုပ်ငန်းသည် သြဂုတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း အမေရိကန်တပ်များ ဆုတ်ခွာရေးဆိုင်ရာ တာဝန်ယူ ညှိနှိုင်းဆောင်ရွက်ပေးသော လေတပ်ဗိုလ်ချုပ် Kenneth Ekman က ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။

နီယာမေးမြို့ ၁၀၁ လေတပ်အခြေစိုက်စခန်းရှိ နောက်ဆုံးအသုတ်ဖြစ်သော အမေရိကန်နိုင်ငံ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၇ ရက် ညပိုင်း၌ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ဂျာနိုင်ငံတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင် ၉၅၀ ခန့်ရှိပြီး နိုင်ဂျာစစ်တပ်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် အမိန့်ပေးပြီးနောက် ၇၆၀ ခန့် ဆုတ်ခွာသွားပြီဖြစ်ကြောင်း Ekman နှင့် နိုင်ဂျာနိုင်ငံ စစ်ဦးစီးချုပ် Maman Sani Kiaou တို့၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းမှ ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံသည် ၂၀၁၃ ခုနှစ်မှ စ၍ နိုင်ဂျာနိုင်ငံတွင် တပ်စွဲခဲ့ပြီး နီယာမေးမြို့နှင့် နီယာမေးမြို့ မှ ၉၂၀ ကီလိုမီတာခန့် အကွာတွင်ရှိသော အာဂါဒက်ဇ်မြို့ပြင်၌ စစ်အခြေစိုက်စခန်း နှစ်ခုရှိရာ အမည်ခံ တာဝန်မှာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အစွန်းရောက် လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ဖျက်ရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………….

(Chinese Version)

美军从尼日尔一座空军基地撤出

新华社北京7月8日电 尼日尔与美国国防部7日宣布,美军当天已从尼日尔首都尼亚美101空军基地撤出,并将在今年9月15日前全面撤离尼日尔。

根据两国联合公报,美军从尼亚美101空军基地撤出部队和设备的工作现已完成,下一步是从位于阿加德兹的201空军基地撤出。按照美国负责协调撤军行动的空军少将肯尼斯·埃克曼5日所说,撤出201基地的行动将于8月完成。

7日晚些时候,尼亚美101空军基地的最后一批美军人员乘机离开。法新社援引埃克曼和尼日尔陆军参谋长马曼·萨尼·基亚乌的说法报道,美军在尼日尔驻有大约950人,自尼日尔军方勒令美军撤离以来,已撤出大约760人。

美国2013年开始在尼日尔驻军,设有两座军事基地,分别位于尼亚美和距离尼亚美大约920公里的阿加德兹市郊,名义上的任务是打击恐怖组织与极端武装。

图说:这是2023年7月28日的尼日尔首都尼亚美街头。新华社发