Connect with us

Europe

ပိုလန်နှင့် ယူကရိန်း နှစ်နိုင်ငံ လုံခြုံရေး သဘောတူညီချက် လက်မှတ်ရေးထိုး

ဝါဆော၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသော ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Donald Tusk တို့သည် ပိုလန်နိုင်ငံ မြို့တော် ဝါဆောတွင် နှစ်နိုင်ငံလုံခြုံရေး သဘောတူညီချက် တစ်ရပ်ကို ဇူလိုင် ၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်တွင် ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား လေကြောင်းရန်ကာကွယ်ရေး၊ စွမ်းအင်လုံခြုံရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့တွင် ပံ့ပိုးကူညီသွားမည်ဟု အတိအလင်းဖော်ပြထားသည်။ သဘောတူညီချက်တွင် လက်တွေ့ကျသော နှစ်နိုင်ငံကတိကဝတ်များ ပါဝင်ပြီး “အနက်မဲ့ကတိများ” မဟုတ်ကြောင်း သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် Tusk က ပြောကြားခဲ့သည်။
ယခင်က အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့်နိုင်ငံများအပြင် ဥရောပသမဂ္ဂသည် ယူကရိန်းနှင့်လည်း အလားတူ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
波兰与乌克兰签署双边安全协议
新华社华沙7月8日电(记者崔力)正在波兰访问的乌克兰总统泽连斯基与波兰总理图斯克8日在波兰首都华沙签署了一项双边安全协议。
该协议明确波兰将在空中防御、能源安全和重建方面向乌克兰提供支持。图斯克在签署协议后表示,该协议包括实际的双边承诺,而并非“空洞的承诺”。
此前,美国、英国、法国、德国等国家以及欧盟与乌克兰签署了类似协议。(完)