Connect with us

China

တရုတ်နိုင်ငံ ဗဟိုဘဏ္ဍာရေးမှ ရေထိန်းသိမ်းမှုဆိုင်ရာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ယွမ် ၈၄၈ သန်း ခွဲဝေပေးထား

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ဖိန်ကျန်းခရိုင်၊ ထျန်းယွဲ့လမ်း၊ သာ့ရှီးရွာတွင် ရေကြီးနေသည့်မြင်ကွင်းကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရေအရင်းအမြစ်ဝန်ကြီးဌာနနှင့် အတူ ပူးပေါင်း၍ ဗဟိုဘဏ္ဍာရေးမှ ရေထိန်းသိမ်းမှု သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ယွမ် ၈၄၈ သန်း ခွဲဝေပေးထားကြောင်း သိရသည်။ ယင်းရန်ပုံငွေမှာ ဟူနန်၊ ဟူပေ၊ ဖူကျန့်၊ ကျဲ့ကျန်း၊ ကွမ်ရှီး၊ အန်းဟွေး၊ ကွေ့ကျိုး၊ ချုံချင့်၊ ဟေးလုံကျန်း၊ ယူနန် စသည့် ၁၂ ပြည်နယ် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့) တို့တွင် ရေဘေးကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဆိုင်ရာလုပ်ငန်းများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရေးအတွက် ပံ့ပိုးပေးရန်ဖြစ်ပြီး အဓိကအားဖြင့် ကပ်ဘေးဒဏ်သင့်ဒေသများတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ရေလှောင်တမံများနှင့် ဆည်များစသည့် ရေထိန်းသိမ်းမှုဆိုင်ရာ ဆောက်လုပ်ပြုပြင်ရေး၊ အန္တရာယ်ဖြစ်ပွားနိုင်ခြေများကို ကိုင်တွယ်ဖြေရှင်းရေး စသည့် သက်ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………..
(Chinese Version)
中央财政水利救灾资金8.48亿元下达
新华社北京7月9日电 记者9日从财政部了解到,财政部近日会同水利部下达中央财政水利救灾资金8.48亿元,支持湖南、江西、湖北、广东、福建、浙江、广西、安徽、贵州、重庆、黑龙江、云南等12省(自治区、直辖市)做好度汛救灾相关工作,重点对受灾地区开展洪涝水毁堤坝等水利工程设施修复、风险隐患处置等相关工作给予适当补助。(完)
图说:这是7月1日在平江县天岳街道大西村拍摄的被淹现场(无人机照片)。新华社记者 陈思汗 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.