Connect with us

North America

ဘိုင်ဒန်သည် ပါကင်ဆန်ရောဂါ ကုသမှု ခံယူနေခြင်း မရှိကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန် (ဝဲ ပထမ) ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဇက်ဘိုင်ဒန်သည် ပါကင်ဆန်ရောဂါ ကုသမှု ခံယူနေခြင်း မရှိကြောင်း ဇူလိုင် ၉ ရက်က အမေရိကန်သတင်းမီဒီယာတွင် ဖော်ပြသည့် သတင်းတစ်ပုဒ်ကို အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Karine Jean-Pierre က ငြင်းဆိုခဲ့သည်။

ဘိုင်ဒန်သည် ဇွန် ၂၇ ရက်တွင် ပြိုင်ဘက်ဖြစ်သော ရီပက်ဘလီကန်ပါတီဝင် ဒေါ်နယ်ထရမ့် နှင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲရုပ်မြင်သံကြား ပထမအကြိမ် စကားစစ်ထိုးပွဲအစီအစဉ်တွင် ၎င်း၏ တင်ဆက်မှု စွမ်းဆောင်ရည် မကောင်းခဲ့သောကြောင့် ပြည်သူများက ၎င်း၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ပြောစရာ ဖြစ်ပေါ်စေခဲ့သည်။ ပါကင်ဆန်ရောဂါကုသရေး အထူးပြု ဆရာဝန်တစ်ဦးသည် ယခင်နှစ် သြဂုတ်လမှယခုနှစ် မတ်လအထိ အိမ်ဖြူတော်သို့ ၈ ကြိမ် သွားရောက်ခဲ့ကြောင်း အမေရိကန်နိုင်ငံ၏ New York Times မီဒီယာက ဖော်ပြခဲ့သည်။

ဘိုင်ဒန်၏ ကျန်းမာရေးနှင့် ပတ်သက်၍ မီဒီယာများ၏ မေးခွန်းထုတ်မှုများကို ဆက်တိုက်ရင်ဆိုင်နေရသော Jean-Pierre က အိမ်ဖြူတော် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် “သမ္မတက ပါကင်ဆန်ရောဂါ ရောဂါအတွက် ကုသမှုခံယူဖူးပါလား။ မခံယူထားပါ။ အခု လောလောဆယ်တွင် ပါကင်ဆန်ရောဂါအတွက် ကုသမှုခံယူနေပါသလား။ ၎င်း ကုသမှု ခံယူထားခြင်းမရှိပါ ။ ၎င်းအနေဖြင့် ပါကင်ဆန်ရောဂါအတွက် ဆေးသောက်နေပါသလား။ သောက်သုံးမှုမရှိပါ။” ဟူ၍ ဇူလိုင် ၈ ရက်က ကိုယ်တိုင်မေးခွန်းထုတ်၍ ကိုယ်တိုင်ပြန်လည် ဖြေဆိုခဲ့သည်။

ဘိုင်ဒန်သည် အာရုံကြောဆရာဝန်နှင့် သုံးကြိမ် ကုသမှုခံယူခဲ့ရာ ယင်းသုံးကြိမ်လုံးသည် ၎င်း၏နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုနှင့်ပင် သက်ဆိုင်သည်ဟု Karine Jean-Pierre က ပြောကြားခဲ့သည်။
ဘိုင်ဒန်၏ ယခုနှစ် ဖေဖော်ဝါရီလ လတ်တလော ကျန်းမာရေးစစ်ဆေးမှုများပြီးနောက် ဆရာဝန်မှ ထုတ်ပြန်သော ဆေးစစ်ချက်ကိုလည်း Karine Jean-Pierre က ထုတ်ပြန်ခဲ့သည်။ ဆေးစစ်ချက်တွင် “အလွန်အသေးစိတ်ကျသော အာရုံကြောဆိုင်ရာစစ်ဆေးမှုတွင် စိုးရိမ်စရာမရှိကြောင်း”၊ လေဖြတ်ခြင်း၊ Multiple sclerosis ရောဂါ၊ ပါကင်ဆန်ရောဂါနှင့် ကိုက်ညီသော လက္ခဏာများ မတွေ့ရှိကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
白宫发言人:拜登没有接受帕金森病治疗
新华社北京7月9日电 美国白宫发言人卡里娜·让-皮埃尔8日否认美国媒体一则报道,称总统约瑟夫·拜登没有接受帕金森病治疗。
拜登6月27日与共和党籍竞选对手唐纳德·特朗普进行2024年总统选举首场电视辩论,现场表现不佳,引发民众对他身体状况的讨论。美国《纽约时报》报道,一名专长治疗帕金森病的医生去年8月至今年3月曾8次“造访”白宫。
面对媒体针对拜登健康问题的接连发问,让-皮埃尔8日在白宫例行记者会上自问自答道:“总统接受过帕金森病治疗吗?没有。他目前正在接受帕金森病治疗吗?不,他没有。他在服用治疗帕金森病的药物吗?没有。”
让-皮埃尔说,拜登看过3次神经科医生,全部与他的年度体检有关。
她还拿出今年2月拜登最近一次体检后医生开具的报告。报告写道,“极其详细的神经系统检查再次让人放心”,因为没有发现与中风、多发性硬化症、帕金森病相符的症状。
图说:这是5月13日在美国华盛顿白宫拍摄的美国总统拜登(左一)。新华社发(亚伦摄)