Connect with us

Europe

ရုရှား-ယူကရိန်း ဒရုန်းဖြင့် အကြီးအကျယ် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွား၊ ရုရှား စစ်ဘက်ဆိုင်ရာ လေဆိပ်တစ်ခု တိုက်ခိုက်ခံရ

ရုရှားနိုင်ငံ Admiral Gorshkov-class ဖရီးဂိတ်သင်္ဘောအား ကျူးဘားနိုင်ငံ Havana ဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ကိဗ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
ရုရှားနှင့် ယူကရိန်းတို့အကြား ဒရုန်းဖြင့် အကြီးအကျယ် အပြန်အလှန် တိုက်ခိုက်မှုများ ဩဂုတ် ၈ ရက်မှ ၉ ရက်အထိ ဖြစ်ပွားခဲ့ရာ လူအများဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရုရှားနိုင်ငံ Lipetsk ပြည်နယ် စစ်ဘက်ဆိုင်ရာ လေဆိပ်တစ်ခုလည်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဩဂုတ် ၈ ရက် ညပိုင်းမှ ဩဂုတ် ၉ ရက် နံနက်ပိုင်းအထိ ယူကရိန်းစစ်တပ်သည် ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက် လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။ ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်က Belgorod၊ Lipetsk၊ Kursk၊ Bryansk၊ Voronezh၊ Oryol စသည့် ပြည်နယ်ဒေသများတွင် ယူကရိန်း ဒရုန်းယာဉ် ၇၅ စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း၊ ထို့အပြင် ပင်လယ်နက် ရေပြင်တွင် ခရိုင်းမီးယားကျွန်းဆွယ်သို့ မောင်းနှင်လာသည့် မောင်းသူမဲ့ရေယာဉ် ၇ စင်းကိုလည်း ရုရှားတပ်က ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ရုရှား Lipetsk ပြည်နယ်တွင် ဩဂုတ် ၉ ရက်က ဒရုန်းတိုက်ခိုက်ခံခဲ့ရရာ ဒဏ်ရာရသူ ၉ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း၊ အချို့နေရာများရှိ နေထိုင်သူများ ရွှေ့ပြောင်းသွားကြပြီဖြစ်ကြောင်း အဆိုပါပြည်နယ်အုပ်ချုပ်ရေးမှူး Igor Artamonov က ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။
Belgorod ပြည်နယ် ဝေဟင်တွင် ယူကရိန်းတပ် ဒရုန်းယာဉ် ၂၉ စင်းကို ရုရှားစစ်တပ်က ပစ်ချခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် နေအိမ်နှင့် မော်တော်ယာဉ်အချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Gladkov က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်က ဩဂုတ် ၉ ရက်တွင် ယူကရိန်းနယ်နိမိတ်အတွင်းရှိ ဒေသ ၇ ခုကို ဒရုန်း ၂၇ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ “ဒရုန်းအားလုံးကိုပစ်ချ” နိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံ Lipetsk ပြည်နယ်ရှိ လေဆိပ်တစ်ခုကို ဩဂုတ် ၉ ရက်တွင် တိုက်ခိုက်ခဲ့ရာ လေကြောင်းပဲ့ထိန်းဗုံးများသိုလှောင်ရာ ဂိုဒေါင်နှင့် လေယာဉ်အများအပြား ထိမှန်ခဲ့ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်ရုံးက ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာ၌ အသိပေးပြောကြားခဲ့သည်။ ရုရှားအရေးပေါ်ရေးရာဝန်ကြီးဌာန Lipetsk ဦးစီးဌာနက ယင်းပြည်နယ်ရှိ စစ်ဘက်သုံးလေဆိပ်တစ်ခု မီးလောင်ခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ဩဂုတ် ၆ ရက်မှစ၍ Kursk ပြည်နယ်ကို ဦးတည်သည့် ယူကရိန်းစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ၌ လူပေါင်း ၉၄၅ ဦး နှင့် သံချပ်ကာယာဉ် ၁၀၂ ဦး ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ Kursk ပြည်နယ်၏အရေးပေါ်အခြေအနေကို “ဖက်ဒရယ်အဆင့်” သို့ တိုးမြှင့်လိုက်ကြောင်း ရုရှားအရေးပေါ်ရေးရာဝန်ကြီးဌာနက ဩဂုတ် ၉ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
俄乌相互进行大规模无人机袭击 俄一军用机场遇袭
新华社莫斯科/基辅8月9日电(记者黄河 李东旭)8日至9日,俄罗斯与乌克兰相互进行大规模无人机袭击,造成人员受伤和财产损失。俄利佩茨克州一军用机场遇袭。   俄罗斯国防部9日在社交媒体上通报说,8日夜间至9日凌晨,乌军对俄境内目标发动无人机袭击。俄防空部队在别尔哥罗德州、利佩茨克州、库尔斯克州、布良斯克州、沃罗涅日州、奥廖尔州等地共击落75架乌克兰无人机。此外,俄军在黑海水域摧毁了7艘驶向克里米亚半岛的无人艇。
俄利佩茨克州州长阿尔塔莫诺夫9日在社交媒体上发文说,利佩茨克州当天遭无人机袭击,伤者已升至9人,部分地区的居民已转移。别尔哥罗德州州长格拉德科夫说,俄防空部队在该州上空击落29架乌军无人机,袭击造成一些房屋和车辆受损。
乌克兰空军9日在社交媒体上发布通报说,俄军当天出动27架无人机对乌克兰境内7个地区发动袭击,“无人机均被击落”。
此外,乌军总参谋部9日在社交媒体上通报说,乌军当天袭击了位于俄利佩茨克州的一处机场,机场附近贮有航空制导炸弹的仓库和多架飞机被击中。俄紧急情况部利佩茨克州总局证实该州境内一处军用机场起火,但未透露更多细节。
俄国防部9日还发布通报说,乌军6日起在库尔斯克方向的军事行动中已损失945人和102辆装甲车辆。俄紧急情况部9日宣布已将库尔斯克州的紧急状态等级提升至“联邦级”。
这是6月12日在古巴哈瓦那港拍摄的俄罗斯“戈尔什科夫海军元帅”号护卫舰。新华社发(华金·埃尔南德斯摄)