Connect with us

Africa & Middle East

အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ ကိုယ်ပျောက် ခရုဇ်ဒုံးကျည်အသစ် လက်ခံရရှိ

အီရန်နိုင်ငံ အလယ်ပိုင်း Qom မြို့အနီးတစ်ဝိုက်တွင် "Great Prophet 6" စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်တစ်စင်း ပစ်လွှတ်နေသည် ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ရေတပ်သည် အားကောင်းသော ဒုံးကျည်ထိပ်ဖူးတပ်ဆင်ထားသော ကိုယ်ပျောက်ခရုဇ်ဒုံးကျည်များအပါအဝင် လက်နက်ပစ္စည်း တစ်သုတ်ကို ဩဂုတ် ၉ ရက်တွင် လက်ခံရရှိခဲ့သည်။
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ရေတပ်သည် တာလတ်နှင့် တာဝေးပစ် ဒုံးကျည်များ၊ တိုက်ခိုက်ရေးနှင့် ကင်းထောက်ဒရုန်းများ အပါအဝင် ပြည်တွင်းထုတ် လက်နက် ကိရိယာ ၂,၆၀၀ ကျော်ကို ထိုနေ့တွင် လက်ခံရရှိခဲ့ကြောင်း အီရန် Tasnim သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေးအပ်လာသော လက်နက်များတွင် အားကောင်းသော ဒုံးကျည်ထိပ်ဖူးတပ်ဆင်ထားသည့်အပြင် ရေဒါထောက်လှမ်းမှုကို ရှောင်ရှားနိုင်ပြီး ဖျက်သင်္ဘောကဲ့သို့သော အကြီးစား စစ်သင်္ဘောကြီးများကို ပြင်းထန်စွာ ဖျက်ဆီးနိုင်သော သို့မဟုတ် နစ်မြုပ်စေနိုင်သော ခရုဇ်ဒုံးကျည်အသစ်တစ်သုတ် ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် အထူးဖော်ပြထားသည်။
လျှို့ဝှက်ထားရမည့် လိုအပ်ချက်များကြောင့် ပေးပို့သည့် လက်နက်ကိရိယာ ၂,၆၀၀ ကျော်အနက်မှ ၂၁၀ ကိုသာ ပေးအပ်ပွဲ အခမ်းအနားတွင် လူသိရှင်ကြား ပြသခဲ့သည်။
“ယနေ့ခေတ် ကမ္ဘာကြီးမှာ ခိုင်မာအားကောင်းတဲ့ အင်အားကသာ သီးခြား လွတ်လပ်စွာရပ်တည်နိုင်မှာဖြစ်တယ်၊ မဟုတ်ရင် အနိုင်ကျင့်ခံရပြီး အလယ်အလတ် လမ်းစဉ် ရွေးချယ်စရာမရှိဘူး” ဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ တပ်မှူး Hossein Salami က လက်နက်များ ပေးအပ်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………..
(Chinese Version)
伊朗伊斯兰革命卫队接收新型隐形巡航导弹
新华社北京8月10日电 伊朗伊斯兰革命卫队海军9日接收一批武器装备,包括配备大威力弹头的隐形巡航导弹。
据伊朗塔斯尼姆通讯社报道,伊朗伊斯兰革命卫队海军当天接收超过2600件国产武器装备,包括中程和远程导弹、战斗和侦察无人机。
报道特别提及,交付的武器包括一批新型巡航导弹,配备大威力弹头且可躲避雷达侦测,能重创甚至击沉驱逐舰一类的大型军舰。
出于保密需要,交付的2600多件武器装备中,仅210件在交付仪式上公开展示。
伊朗伊斯兰革命卫队司令侯赛因·萨拉米在武器交付仪式上说:“在当今世界,只有实力强大才能独立自主,否则就会遭受欺凌,没有中间道路可选。”(惠晓霜)
图说:这张2011年6月28日在伊朗中部城市库姆附近拍摄的照片显示,一枚导弹在“伟大先知6”军事演习中发射升空。新华社发