Connect with us

Culture & Entertainment

ယူနန်- ရိုးရှင်းပြီး သာယာလှပသည့်နေရာလေးတွင် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” ကျင်းပခြင်းက လူကြိုက်များရေပန်းစားလာ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တွင် မင်္ဂလာဇနီးမောင်နှံများက “သက်တံရောင်ခြည်ယူနန်ပြည်-ပေါင်ဆန်းမြို့၏အချစ်သက်သေ” ဟူသော အဖွဲ့လိုက် မင်္ဂလာဆောင်အထိမ်းအမှတ်အခမ်းအနားတွင် ပါဝင်နေကြသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

ချစ်မေတ္တာလက်ဆောင်ပစ္စည်း လဲလှယ်ခြင်း၊ သုံးကြိမ် ကန်တော့ပြီး ဂါရဝပြုခြင်း၊ “ထာဝရစိတ်တူကိုယ်တူ လက်တွဲအတူ” ဆိုသော အတိတ်နိမိတ်ဆောင်သည့် “ရုန်ကျစ်” ယဉ်ကျေးမှုလက်ရာပစ္စည်း လက်ခံခြင်းတို့ဖြင့် လွယ်ကူ ရိုးရှင်းသည့် ထိမ်းမြားမင်္ဂလာအခမ်းအနားပွဲအပြီးတွင် ဝေဟွမ်းထျန်နှင့်ခင်ပွန်းဖြစ်သူတို့ ဇနီးမောင်နှံနှစ်ဦးသည် မြို့ပြလမ်းလျှောက်ခရီးစတင်ခဲ့ပေသည်။ထိုမင်္ဂလာဦးဇနီးမောင်နှံ၏ ထိမ်းမြားမင်္ဂလာအခမ်းအနားကို ၎င်းတို့၏ ဇာတိမြေ ကွမ်ရှီးတွင် ကျင်းပခြင်းမဟုတ်ဘဲ ကီလိုမီတာပေါင်း ရာနှင့်ချီဝေးကွာသည့် ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တွင် ကျင်းပခြင်း ဖြစ်၏။သတို့သမီးကြိုဆိုပွဲ၊ မော်တော်ယာဉ်တန်း၊ သတို့သားသတို့သမီးအရံ တို့လည်းမရှိခြင်းကြောင့် ထွေလီကာလီများပြားလှသည့် ထိမ်းမြားမင်္ဂလာအခမ်းအနားအစီအစဉ်များစွာကို သက်သာသွားသလို မင်္ဂလာဆောင်ပြီးနောက် ရက်အနည်းငယ် ခရီးထွက်နိုင်ခြင်းကြောင့် အလွန်တွက်ချေကိုက်ပေသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တွင် မင်္ဂလာဇနီးမောင်နှံများက “သက်တံရောင်ခြည်ယူနန်ပြည်-ပေါင်ဆန်းမြို့၏အချစ်သက်သေ” ဟူသော အဖွဲ့လိုက် မင်္ဂလာဆောင်အထိမ်းအမှတ်အခမ်းအနားတွင် ပါဝင်နေကြသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုနှစ် ဩဂုတ် ၁၀ ရက်တွင် ကျရောက်သည် “ချီးရှီး” ပွဲတော် တရုတ်ချစ်သူများနေ့တွင် မင်္ဂလာဦး ဇနီးမောင်နှံ စုံတွဲ ၄၄ တွဲသည် ပေါင်ဆန်းမြို့တွင် အဖွဲ့လိုက်မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ကြသည်။ထိမ်းမြားမင်္ဂလာ အထိမ်းအမှတ်အခမ်းအနားတစ်ခုလုံးသည် သမားရိုးကျ မင်္ဂလာပွဲအစီအစဉ်များနှင့် မတူဘဲ တစ်မူထူးခြားသလို လွယ်ကူရိုးရှင်းသော်လည်း အထိမ်းအမှတ်အခမ်းအနား၏ရသ မပျက်ပြားစေဘဲ တရုတ်စတိုင်အပြည့်ရှိရုံသာမက ဒေသဒြပ်မဲ့ယဉ်ကျေးမှုအကြောင်းအရာများကိုလည်း ထည့်သွင်းခဲ့ပါသေးသည်။

“သမားရိုးကျ ထိမ်းမြားမင်္ဂလာပွဲတွေက အားလုံးနီးပါး တစ်ပုံစံတည်းပဲ၊ ထွေလီကာလီလည်းများတယ်။ ကျွန်မတို့နှစ်ယောက်က ခရီးသွားဝါသနာပါတယ်လေ။ ယူနန်ကို အကြိမ်ကြိမ်ရောက်ဖူးတယ်၊ အရမ်းကောင်းတယ်၊ ဒါကြောင့်လည်း မင်္ဂလာဆောင်အခမ်းအနားကို ဒီမှာလုပ်မယ်လို့ ဆုံးဖြတ်လိုက်တာပါ ” ဟု ဝေဟွမ်းထျန်က ပြောသည်။ သူမသည် ကော်ဖီကြိုက်သူဖြစ်ရာ ယခုအကြိမ် ပေါင်ဆန်းမြို့ကို လာရောက်သည့်အခါတွင် ဒေသထွက် ကုန်းမြင့်ကော်ဖီ၏အရသာကို မြည်းစမ်းကြည့်ခွင့်ရသည့်အတွက် ပျော်ရွှင်ရပေသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တွင် မင်္ဂလာဇနီးမောင်နှံများက “သက်တံရောင်ခြည်ယူနန်ပြည်-ပေါင်ဆန်းမြို့၏အချစ်သက်သေ” ဟူသော အဖွဲ့လိုက် မင်္ဂလာဆောင်အထိမ်းအမှတ်အခမ်းအနားတွင် ပါဝင်နေကြသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခရီးသွားမင်္ဂလာဆောင်အခမ်းအနားကို “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား”ဟုလည်း ခေါ်ရာ ယနေ့အခါ လူငယ်အများစုအကြားတွင် ပို၍ ရေပန်းစားလာကြသည်။ သမားရိုးကျ မင်္ဂလာအခမ်းအနားများနှင့်နှိုင်းယှဉ်ကြည့်လျှင် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” သည် မင်္ဂလာဦးဇနီးမောင်နှံများအတွက် မိမိအနှစ်သက်ဆုံးသော နေရာကို ရွေးချယ်ခွင့်ရှိကြပေသည်။ မင်္ဂလာအခမ်းအနားကို ဟိုတယ်များ၌ ကျင်းပရာမှ သာယာလှပသောရှုခင်းများ ရှိသည့် ခရီးသွားနေရာသို့ ပြောင်းလဲလာပြီး “မင်္ဂလာဆောင်ရင်း ခရီးသွားမယ်” ၊ “ကိုယ့်မင်္ဂလာဆောင်အခမ်းအနားကို ကိုယ်တိုင်ရွေးချယ်ကျင်းပမယ်” ဆိုသည်ကို အဓိကထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တွင် မင်္ဂလာဇနီးမောင်နှံများက “သက်တံရောင်ခြည်ယူနန်ပြည်-ပေါင်ဆန်းမြို့၏အချစ်သက်သေ” ဟူသော အဖွဲ့လိုက် မင်္ဂလာဆောင်အထိမ်းအမှတ်အခမ်းအနားတွင် ပါဝင်နေကြသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယွိလုန်နှင်းတောင် တည်ရှိရာ လိကျန်းမြို့လေးသည် နှင်းတောင်တွင် မင်္ဂလာအခမ်းအနား ကျင်းသည့် အကောင်းဆုံးနေရာဖြစ်ရာ ယခုနှစ်များတွင် လူငယ်များအကြား ရေပန်းစားလာသည်။ပြီးခဲ့သည့်နှစ်က ခမ်းနားထည်ဝါသည့် ယွိလုန်နှင်းတောင်၏ တောင်ခြေတွင် အသက် ၂၈ အရွယ် ရှောင်ယွီနှင့် ၎င်း၏ကောင်လေးတို့က မင်္ဂလာဆောင်ပွဲလေးတစ်ခု ကျင်းပခဲ့ပါသည်။ ထိမ်းမြားမင်္ဂလာ အခမ်းအနားနေ့တွင် နှစ်ဖက်မိဘနှင့် ချစ်ခင်အရင်းနှီးရဆုံးသော သူငယ်ချင်းများ တက်ရောက်ပြီး အချစ်သက်သေပြုခဲ့ကြသည်။ နံနက်ပိုင်းတွင် ရိုးရှင်းသည့်မင်္ဂလာဆောင်အခမ်းအနားလေးကျင်းပခဲ့သလို ညနေပိုင်းတွင် မင်္ဂလာဆောင်ကျင်းပရာ နေရာတွင် အလည်အပတ်ခရီးသွားကြပြီး နောက်ဆုံးတွင် ရှေးဟောင်းမြို့လေး၌ အေးအေးချမ်းချမ်း သက်သောင့်သက်သာ အမဲသားမှိုဟော့ပေါ့ အတူဝိုင်းဖွဲ့စားသုံးခဲ့ကြသည်။ ၆ ရက်ကြာ မင်္ဂလာဆောင်အခမ်းအနား၏ ကုန်ကျစရိတ်မှာ ယွမ် ၄ သောင်းပင် မရှိပေ။

“မြို့ကြီးပြကြီးမှာ ကြိုးစားရုန်းကန်ရတဲ့ ကျွန်မတို့အဖို့ကတော့ ဇာတိမြေမှာ သမားရိုးကျမင်္ဂလာဆောင်အခမ်းအနားကြီးကျင်းပဖို့ အင်အားမရှိသလို ဘတ်ဂျက်လည်းမရှိပါဘူး။ ဒါက မိဘဆွေမျိုးတွေကို အလုပ်ရှုပ်စေသလို ကျွန်မတို့ အကြိုက်နဲ့လည်း ကိုက်ညီချင်မှ ကိုက်ညီမယ်လေ” ဟု ရှောင်ယွီက ဆိုသည်။ သမားရိုးကျ မင်္ဂလာဆောင်အခမ်းအနားများနှင့် နှိုင်းယှဉ်လျှင် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” ၏ အသုံးစရိတ်သည် အသုံးတည့်သည့်နေရာတွင် အသုံးပြုခြင်းဖြစ်ပြီး အားလုံးကလည်း ပျော်ရွှင်ကြပေသည်။

ချန်းဆန်းတောင်နှင့် အော်ဟိုင်ရေကန်၊ စိတ်ကူးယဉ်ဆန်သည့် ရှုမြင်ကွင်းများ စသည့် ခရီးသွားအရင်းအမြစ် ပေါကြွယ်ဝရာ တာ့လီမြို့သည် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ရာတွင် သိသာထင်ရှားသည့် အားသာချက်များ ရှိပေသည်။ စာရင်းအင်းများအရ ၂၀၂၃ ခုနှစ်က တာ့လီမြို့တွင် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” ၄,၄၀၀ ကျော် ကျင်းပခဲ့ကြောင်း၊ ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ ယူနန်ပြည်နယ် ပြင်ပမှလာခြင်း ဖြစ်ပြီး ပျမ်းမျှ နေ့စဉ် မင်္ဂလာဆောင်အခမ်းနား ၁၀ ခု ကျော် တာ့လီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တာ့လီရှိ “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” စီစဉ်ပေးသည့်ကုမ္ပဏီတစ်ခု၏ ရှယ်ယာဝင်ဖြစ်သည့် ဝမ်စစ်ဟန်သည် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” လုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကို မျက်မြင်သက်သေပြုခဲ့သူ ဖြစ်ပေသည်။၂၀၁၇ ခုနှစ်က ကုမ္ပဏီတွင် တစ်လလျှင် ဧည့်သည်စုံတွဲ ၂ တွဲ ၃ တွဲသာ ရှိသော်လည်း ယခုအခါ ပျမ်းမျှ နေ့စဉ် မင်္ဂလာဆောင်အခမ်းအနားတစ်ခု ကျင်းပရကြောင်း၊ နေ့ထူးနေ့မြတ် ပိတ်ရက်ကာလများတွင် တစ်နေ့လျှင် မင်္ဂလာဆောင်ပွဲ သုံးပွဲလေးပွဲအထိ တစ်ပြိုင်တည်း ကျင်းပရကြောင်း ၎င်းက ပြောကြားခဲ့သည်။

မင်္ဂလာပွဲခေါင်းစဉ်ကို အတည်ပြုပြီးချိန်မှာ ဧည့်သည်အများအပြားက ရိုးရာတိုင်းရင်းသားယဉ်ကျေးမှုနှင့် သမိုင်းအကြောင်းအရာများကို ထည့်သွင်းသည်ကို ပို၍ နှစ်သက်လာကြကြောင်း၊ ခရီးသွားနေရာရှိ ဒေသထွက်အစားအစာ၊ ဒြပ်မဲ့ယဉ်ကျေးမှုလက်မှုပစ္စည်း စသည်တို့ကို လက်ဖွဲ့ကမ်းအမှတ်တရပစ္စည်းအဖြစ် သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေတတ်ကြကြောင်း၊ ထို့ကြောင့် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” နှင့် ဒေသန္တရယဉ်ကျေးမှုခရီးသွားလုပ်ငန်း၏ နက်ရှိုင်းစွာ ပေါင်းစည်းမှုက အနာဂတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၏ ဦးတည်ချက်သစ် ဖြစ်ကြောင်း ဝမ်စစ်ဟန်က မိတ်ဆက် ပြောကြားခဲ့သည်။

ချစ်သူများနေ့ “ချီးရှီး” စသည့် နေ့ထူးနေ့မြတ် ပွဲတော်နေ့များတွင် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” ကုမ္ပဏီများ၏ အမှာစာ အများဆုံးလက်ခံရရှိကြသည်။ လိကျန်း ချိုးပီ မင်္ဂလာဆောင်အခမ်းအနား ကုမ္ပဏီ၏ တာဝန်ခံ ရှီးနာ့ကျွင်းက ချစ်သူများနေ့ “ချီးရှီး” ပွဲတော်နေ့မှာ မင်္ဂလာပွဲ ၈ ပွဲ ရှိကြောင်း၊ ယင်းနေ့အရှေ့သုံးရက် အနောက်သုံးရက်မှာမူ နေ့စဉ် ပျမ်းမျှ မင်္ဂလာပွဲ ၅ ပွဲ ရှိကြောင်း ပြောသည်။
“နောက်ထပ် ပိုပြီးကောင်းတဲ့ အချိန်တစ်ခုကတော့ ၉ လပိုင်း ၉ ရက်နေ့ပါ၊ အဲ့နေ့က အချစ်ရာသက်ပန် ဆိုတဲ့အဓိပ္ပါယ်ကို ဆောင်တယ်လေ။ အခုဆိုရင်ပဲ လာမယ့်နှစ် ချစ်သူများနေ့ နဲ့ “၅ လပိုင်း ၂၀ ရက်နေ့” တွေမှာ မင်္ဂလာပွဲကျင်းပဖို့ ကြိုမှာနေကြပြီ “ ဟု ၎င်းက ဆိုသည်။

ရိုးရှင်းပြီး သာယာလှပသည့်နေရာလေးတွင် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” ကျင်းပခြင်းကို ယခုနှစ်များတွင် လူအများက အာရုံစိုက်လာကြသည်။ Xiaohongshu ပလက်ဖောင်းတွင် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” နှင့်ပတ်သက်သည့် မှတ်တမ်းဆောင်းပါး အပုဒ် ၃၈၀,၀၀၀ ကျော် ရှိသလို မင်္ဂလာဦးဇနီးမောင်နှံများကလည်း “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” ကျင်းပသည့် နည်းလမ်းများကို အဆက်မပြတ် မျှဝေကြပေသည်။ ယူနန်၊ ရှင်းကျန်း၊ စီချွမ်း၊ ဟိုင်နန် စသည့် နာမည်ကျော် ရှုခင်းသာနေရာများတွင် “ဦးတည်ရာ ထိမ်းမြားမင်္ဂလာပွဲ အခမ်းအနား” ကျင်းပပြုလုပ်မှုသည် အတော်ပင် ပြီးပြည့်စုံလာသည့် စီးပွားရေးပုံစံတစ်ခုဖြစ်လာပြီ ဖြစ်သည်။

နာမည်ကျော်အချက်အလက် ကိန်းဂဏန်းများ၏ နောက်ကွယ်တွင် လူငယ်လူရွယ်များ၏ မင်္ဂလာဆောင်အခမ်းအနားအပေါ် ထားရှိသည့် သဘောထားအမြင်ပြောင်းလဲလာမှုကို တွေ့မြင်နိုင်ပေသည်။
တစ်ဖက်မှာ လူမှုအဖွဲ့အစည်း၏ အရှိန်အဟုန် မြန်ဆန်လာခြင်းကြောင့် လူငယ်အများအပြားက လွယ်ကူရိုးရှင်းပြီး အဆင်ပြေမြန်ဆန်သည့် မင်္ဂလာပွဲအခမ်းအနားကို ပို၍ နှစ်သက်လာကြကြောင်း၊ တစ်ဖက်မှာမူ လူငယ်များက မင်္ဂလာပွဲအခမ်းအနားက မိမိ၏စိတ်သက်သာရာတန်ဖိုးရှိမရှိ၊ ပိုကောင်းသော အတွေ့အကြုံရမရကို ပို၍ အလေးထားခြင်းဖြစ်ကြောင်း ယူနန် ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ် စီးပွားရေးကျောင်း၏အကြီးအကဲ ချန်ခွန်းထိန်က ပြောကြားခဲ့သည်။ (Xinhua)
————————————–

云南:小而美的目的地婚礼受青睐
新华社昆明8月11日电(记者严勇)交换信物、行三拜之礼,接过有着“永结同心早生贵子”美好寓意的“永子”文创产品……在简单的婚礼仪式过后,韦欢恬和爱人开启了一场城市漫步之旅。
这对新人的婚礼举办地并非在家乡广西,而是在相隔数百公里的云南保山。没有接亲,没有车队、伴郎伴娘,省去了繁琐的婚礼流程,完婚的同时还可以顺便外出旅游几天,极具性价比。
8月10日七夕,在这个“中国情人节”,44对新人相约保山举行集体旅行婚礼。整个婚礼仪式打破传统的婚礼流程,简单素朴,但又不失仪式感,不仅中国风满满,还加入了当地文化元素。
“传统婚礼几乎千篇一律,而且相当繁琐,加上我们俩都喜欢旅游,来过几次云南,印象很好,所以这次就把目的地婚礼定在了这里。”韦欢恬说,她平时喜欢喝咖啡,这次来保山,品尝到当地的小粒咖啡,收获美满。
旅行婚礼,也被称为目的地婚礼,如今越来越受到年轻人的欢迎。相比传统婚礼,目的地婚礼允许新人们选择自己最喜欢的地点,将婚礼仪式从酒店搬到风景秀丽的旅游目的地,主打“边结婚边旅行”“我的婚礼我做主”。
拥有玉龙雪山的丽江,是举办雪山婚礼的绝佳去处,近年来受到年轻人青睐。
去年,在壮美的玉龙雪山脚下,28岁的小雨和男朋友举办了一场婚礼。婚礼当天,仅有双方父母和闺蜜朋友现场见证,上午举办简单的婚礼仪式,下午就地旅游,结束后大家在古镇里吃了一顿菌子牛肉火锅,安逸又舒适。为期六天的旅行婚礼总花费不到4万元。
“在一线城市打拼的我们,没有这么多精力和预算在老家准备一场传统的婚礼,不仅麻烦父母和亲戚,也不一定符合我们的喜好。”小雨说,相比传统婚礼,目的地婚礼钱都花在了刀刃上,大家玩得也很开心。
苍山洱海、风花雪月,旅游资源富集的大理在发展目的地婚礼产业方面具有明显优势。据统计,2023年大理举办目的地婚礼4400多场,其中九成顾客来自省外,平均每天有超过10场婚礼在大理举办。
王思涵是大理一家目的地婚礼策划公司的合伙人,见证了目的地婚礼行业的快速发展。她说,公司从2017年一个月只有两三对顾客,到如今平均每天都有一场婚礼,在特殊的节假日一天甚至有三四场同时进行。
王思涵介绍,在确定婚礼主题时,越来越多客户喜欢将传统民族文化和历史元素融入进来,会把旅行地的特色食物、非遗手工艺品等作为伴手礼与朋友亲人分享。因而,目的地婚礼与当地文旅产业的深度融合会是未来行业发展的新方向。
在七夕等特殊节日,目的地婚礼公司迎来订单高峰。丽江丘比婚礼公司负责人施那君说,七夕当天有8场婚礼,前后三天平均每天有5场。“下一个比较好的节点是9月9日,寓意长长久久。现在已经有人在预订明年的情人节和‘520’婚礼档期了。”
小而美的目的地婚礼近年来持续受到关注。仅在小红书平台上,“目的地婚礼”就有超过38万篇相关笔记,不断有新婚夫妇分享举办目的地婚礼的攻略。在云南、新疆、四川、海南等热门景区,目的地婚礼已发展出较为成熟的商业模式。
火爆数据背后,折射出年轻人对待婚礼态度的转变。云南财经大学经济学院院长陈昆亭说,一方面社会节奏变快,让很多年轻人倾向于选择简单快捷的婚礼仪式;另一方面,年轻人更注重自身能否从婚礼中获取情绪价值,从而得到更好的体验。
1. 8月10日,在云南省保山市,新人参加“爱在七彩云南·情定温润保山”集体婚礼活动。新华社发(李义摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.