Connect with us

မြန်မာ-中文

ရုရှားပိုင်နက်အတွင်းသို့ ယူကရိန်းစစ်တပ်များ ဝင်ရောက်မှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေကြား

ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ရုရှားပိုင်နက်အတွင်းသို့ ယူကရိန်းစစ်တပ်များ ဝင်ရောက်မှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၂ ရက်တွင် ဖြေကြားခဲ့သည်။
ယူကရိန်းစစ်တပ်သည် ရုရှားပြည်တွင်းရှိ Kursk ပြည်နယ်ကို မကြာသေးမီရက်က ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု သတင်းများအရ သိရကြောင်း၊ ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရုရှားအရပ်သား ၆၀ ကျော် သေဆုံးခဲ့ရာ ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကို ရုရှားစစ်တပ်က တားဆီးပြီး Kursk ပြည်နယ်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်ဟု ရုရှားဘက်က ဆိုကြောင်း၊ ရုရှားက စစ်ပွဲကို ယူကရိန်းပိုင်နက်သို့ ယူဆောင်လာခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်များ၏ အကျိုးဆက်များကို ယခုခံစားရပြီဖြစ်သည်ဟု ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် ယူကရိန်းစစ်တပ်၏ ယခုအကြိမ်ထိုးစစ်အစီအစဉ်ကို ကြိုမသိကြောင်းနှင့် ယူကရိန်း၏ ယင်းလုပ်ရပ်သည် အရှိန်မြှင့်တင်ခြင်းမဟုတ်ဘဲ အနိုင်ရရန် လိုအပ်သော လုပ်ဆောင်မှုသာဖြစ်ပြီး ရုရှနယ်စပ်မှလာသည့် တိုက်ခိုက်မှုများကို အမေရိကန်နိုင်ငံထုတ်လက်နက်များဖြင့် တုံ့ပြန်တိုက်ခိုက်ရန် အမေရိကန်က ယူကရိန်းကို ခွင့်ပြုထားရာ ယူကရိန်းစစ်တပ်၏ ယခုအကြိမ်လှုပ်ရှားမှုမှာ ထိုအခြေအနေနှင့် လိုက်လျောညီထွေရှိသည်ဟု အမေရိကန်ဘက်က ပြောဆိုခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မည်သို့သုံးသပ်ပါသနည်း ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
သက်ဆိုင်ရာ အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံက သတိပြုမိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေးနှင့် ပတ်သက်သည့် ရပ်တည်ချက်မှာ တသမတ်တည်း အတိအလင်းရှိကြောင်း၊ စစ်ပွဲပြင်ပသို့ မယိုလျှံရေး၊ စစ်ပွဲအရှိန် မတိုးမြှင့်ရေး၊ ဘက်ပေါင်းစုံအနေဖြင့် မီးလောင်ရာလေပင့် မပြုရေးဟူသော အခြေခံမူ (၃) ရပ်ကို ဘက်ပေါင်းစုံက လေးစားလိုက်နာပြီး အခြေအနေ တင်းမာမှုများကို လျော့ချရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး နိုင်ငံရေးအရ ပြေလည်မှုရရှိရေးကို အပြုသဘောဆောင်သော အခန်းကဏ္ဍမှ မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။ (Xinhua)
…………………………………………………………
(Chinese Version)
外交部发言人就乌克兰军队进入俄罗斯领土答记者问
新华社北京8月12日电 外交部发言人12日就乌克兰军队进入俄罗斯领土答记者问。
有记者问:据报道,乌克兰军队近日攻入俄罗斯本土库尔斯克州。俄方称乌军袭击已造成60多名平民伤亡,俄军已遏止乌军进攻,库尔斯克州宣布进入紧急状态。乌总统泽连斯基发表讲话称,俄将战争带到乌领土,现在应感受到其行为的后果。美方称,美事先不掌握乌军本次进攻计划,乌此举不是升级行为,只是争取胜利的必要之举。美允许乌使用美制武器回击来自俄边境的袭击,乌军此次行动符合这一情况。中方对此有何评论?
发言人表示,中方注意到有关情况。中方在乌克兰问题上的立场是一贯的、明确的,呼吁各方遵守局势降温“三原则”,即战场不外溢、战事不升级、各方不拱火。中方将继续同国际社会保持沟通,为推动危机政治解决发挥建设性作用。(完)