Connect with us

Africa & Middle East

ဆွစ်ဇာလန်၌ပြုလုပ်မည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု ဆူဒန်အစိုးရနှင့် အမေရိကန်တို့ကြား သဘောတူညီမှု မရရှိခဲ့

ဆူဒန်နိုင်ငံ ခါတွမ်မြို့ရှိ လမ်းမ မြင်ကွင်းတစ်ခုကို ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဆူဒန်နှင့် အမေရိကန်တို့ ဆော်ဒီအာရေဗျက ဆိပ်ကမ်းမြို့ Jeddah တွင် ဆူဒန်နိုင်ငံ ဖြစ်ပွားသော ပဋိပက္ခနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်အကြား ဆွစ်ဇာလန်နိုင်ငံ၌ သြဂုတ် ၁၄ ရက်တွင် စတင်မည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းမှုမှာ အောင်မြင်မှုမရှိဘဲ အဆုံးသတ်ခဲ့ရကြောင်း ဆူဒန်အစိုးရက ဩဂုတ် ၁၁ ရက်က ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ သတ္တုလုပ်ငန်းဌာနဝန်ကြီး Abu Nammu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် စေ့စပ်ညှိနှိုင်းရန်အတွက် Jeddah မြို့သို့ ဩဂုတ် ၉ ရက်က သွားရောက်ခဲ့သည်။ Abu Nammu သည် ဆူဒန်နိုင်ငံ အရှေ့ဘက် Port Sudan မြို့သို့ ဩဂုတ် ၁၁ ရက်က ပြန်လည်ရောက်ရှိလာပြီး စေ့စပ်ညှိနှိုင်းမှုများ ပြီးဆုံးသွားကြောင်း၊ ဆွစ်ဇာလန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ ဆူဒန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ သို့မဟုတ် ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်လားဟူသော ကိစ္စတွင် ဆူဒန်နှင့် အမေရိကန်တို့ကြား သဘောတူညီမှု မရရှိခဲ့ကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ (Xinhua)

………………………………………………………
(Chinese Version)
苏丹政府与美国就瑞士停火对话进行的磋商无果
新华社开罗8月11日电(记者张猛)喀土穆消息:苏丹政府11日说,苏丹与美国在沙特阿拉伯港口城市吉达就苏丹冲突双方8月14日起在瑞士举行停火对话的磋商无果而终。
由苏丹矿业部长阿布·纳穆率领的代表团9日前往吉达与美国代表团进行磋商。阿布·纳穆11日返回苏丹东部城市苏丹港并在社交媒体发文说,磋商已经结束,在由苏丹政府代表团还是苏丹武装部队代表团参加瑞士停火对话的问题上,苏美双方未能达成协议。
图说:这是2023年4月18日在苏丹喀土穆拍摄的街头景象。新华社发(穆罕默德·海德尔摄)