Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ မြောက်ဒါဖာပြည်နယ် မြို့တော်တွင် တိုက်ခိုက်ခံရမှုကြောင့် လူ ၂၈ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရ

ဆူဒန်နိုင်ငံ မြောက်ဒါဖာပြည်နယ် မြို့တော် Al Fashir တောင်ဘက်တွင် အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော ကျန်းမာရေးစင်တာတစ်ခုကို သြဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံ မြောက်ဒါဖာပြည်နယ် မြို့တော်တွင် ဩဂုတ် ၁၀ ရက်က ဆူဒန် Rapid Support Forces (RSF) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၈ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး Al-Hafiz Bakheet က ဩဂုတ် ၁၁ ရက်၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆူဒန် Rapid Support Forces (RSF) သည် ဩဂုတ် ၁၀ ရက် နံနက်အရုဏ်တက်ချိန်တွင် လမ်းကြောင်း သုံးခုဖြင့် Al Fashir မြို့ကို ဩဂုတ် ၁၀ ရက်တွင် တိုက်ခိုက်ခဲ့ပြီး ၎င်းမြို့ရှိ ဈေးများ၊ အရပ်ဘက်အဆောက်အအုံများနှင့် လူနေအဆောက်အအုံများကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဆူဒန်စစ်တပ် (SAF) နှင့် ဒါဖာဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်း ချေမှုန်းခံခဲ့ရခြင်းကြောင့် ဆူဒန် Rapid Support Forces (RSF) အနေဖြင့် အကြီးအကျယ် ဆုံးရှုံးမှုဖြစ်ပေါ်ရကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ဆူဒန် Rapid Support Forces (RSF) က တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ယခုနှစ် မေ ၁၀ ရက်မှ စ၍ ဆူဒန်စစ်တပ် (SAF) နှင့် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်း၍ မြောက်ဒါဖာပြည်နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် Al Fashir မြို့တွင် ဆူဒန် Rapid Support Forces (RSF)နှင့် အပြင်းအထန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်သားအများအပြား သေဆုံးဒဏ်ရာရခဲ့သည်။ လက်ရှိတွင် ဆူဒန် Rapid Support Forces (RSF) သည် မြောက်ဒါဖာပြည်နယ်မှလွဲ၍ အနောက်ပိုင်း ဒါဖာဒေသရှိ အခြားပြည်နယ်လေးခုကို ထိန်းချုပ်ထားပြီးဖြစ်သည်။
၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်တွင် ဆူဒန်စစ်တပ် (SAF) နှင့် Rapid Support Forces (RSF) တို့သည် ခါတွမ်မြို့၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နောက်ပိုင်းတွင် စစ်မက်မီးလျှံသည် အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့သည်။ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဆူဒန်နိုင်ငံတွင် လူပေါင်း ၁၈,၈၀၀ ခန့် သေဆုံးခဲ့ပြီး ၁၀.၁၇ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။ (Xinhua)
………………………………………………………….
(Chinese Version)
苏丹北达尔富尔州首府遭袭致28死46伤
新华社开罗8月11日电(记者张猛)喀土穆消息:苏丹北达尔富尔州代理州长哈菲兹·巴希特11日发表声明说,苏丹快速支援部队10日对该州首府法希尔市发动进攻,造成28名平民死亡、46人受伤。
声明说,苏丹快速支援部队10日黎明时分从三个方向进攻法希尔,并对该市的市场、民用设施和居民住宅进行炮击,但被苏丹武装部队联合达尔富尔地区地方武装击退,苏丹快速支援部队损失惨重。
苏丹快速支援部队尚未对此作出回应。
今年5月10日以来,苏丹武装部队联合地方武装围绕北达尔富尔州的控制权与苏丹快速支援部队在法希尔展开激烈战斗,造成大量平民伤亡。目前,苏丹快速支援部队已控制西部达尔富尔地区除北达尔富尔州以外的其他4个州。
2023年4月15日,苏丹武装部队与苏丹快速支援部队在首都喀土穆爆发武装冲突,战火随后蔓延至其他地区。持续冲突已造成苏丹约1.88万人丧生,超过1017万人流离失所。(完)
图说:这是8月3日拍摄的苏丹北达尔富尔州首府法希尔市南部遭到炮击的卫生中心。