Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် လူ ၆၈ ဦး သေဆုံး

ဆူဒန်နိုင်ငံ မြောက်ပိုင်း နိုင်းမြစ်ပြည်နယ် အဘူဟာမက်မြို့၌ ရေကြီးမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအား သြဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
ယခုနှစ် ဇွန်လမှ စတင်ကာ ဆူဒန်နိုင်ငံ နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံကပ်ဘေးများ ဖြစ်ပွားခဲ့ရာ လူ ၆၈ ဦး သေဆုံးခဲ့ကြောင်း ဆူဒန်ပြည်ထဲရေး ဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
သေဆုံးသူများသည် အဓိကအားဖြင့် အဆောက်အဦပြိုကျခြင်းနှင့် ရေနစ်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ဆူဒန်နိုင်ငံတွင် အိမ်ခြေ ၄,၀၀၀ ကျော် ပြိုကျခဲ့ပြီး အိမ်ခြေ ၈,၀၀၀ ကျော် တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ကြောင်း၊ ထို့အပြင် လယ်ယာမြေ အများအပြား ပျက်စီးခဲ့ပြီး တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း ဆူဒန်ပြည်ထဲရေးဝန်ကြီး Khalil Pasha Sairin က အဆိုပါနေ့ ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဆူဒန်အစိုးရသည် သဘာဝဘေးဒဏ်သင့်ဒေသများသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ မိုးလေဝသဗျူရို စသည့်ဌာနများနှင့် ညှိနှိုင်းပြီး သဘာဝဘေးဒဏ်သင့်ဒေသများသို့ လိုအပ်သောအကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ဆူဒန်နိုင်ငံ၏ မိုးရာသီသည် ယေဘူယျအားဖြင့် ဇူလိုင်လတွင် စတင်လေ့ရှိရာ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလအထိ ကြာမြင့်ပြီး ယင်းကာလအတွင်း မိုးရေချိန်တိုးမြင့်၍ ရေကြီးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)
……………………………………………..
(Chinese Version)
苏丹多地暴雨和洪灾已致68人死亡
新华社开罗8月12日电(记者张猛)喀土穆消息:苏丹内政部12日说,今年6月以来,该国多地遭受暴雨和洪涝灾害,已造成68人死亡。
苏丹内政部长哈利勒·帕夏·赛林当天在一份声明中说,遇难者主要死于房屋倒塌和溺水。暴雨和洪灾导致苏丹4000多所房屋完全倒塌,8000多所房屋部分倒塌。此外,还有大量农田受损、牲畜死亡。
声明说,苏丹政府将派遣一个高级别代表团前往受灾地区,协调财政部、卫生部、农业部和气象局等部门向灾区提供必要援助。
苏丹雨季一般从7月开始,持续至9月或10月,其间降雨量增加,洪涝灾害频发。(完)
图说:这是8月10日在苏丹北部尼罗河州阿布哈马德市拍摄的因洪水受损的房屋。