Connect with us

Africa & Middle East

ပါလက်စတိုင်းပြဿနာ ဖြေရှင်းရန် ကုလသမဂ္ဂ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရမည်ဟု ပူတင် ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲနှင့် အမေးအဖြေကဏ္ဍတွင် မိန့်ခွန်းပြောနေသော ရုရှားသမ္မတ ဗလာတီမာပူတင်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းပြဿနာ ဖြေရှင်းရန် ကုလသမဂ္ဂ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ပထမဆုံးအနေနှင့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က ရုရှားသို့ အလည်အပတ်ရောက်ရှိနေသော ပါလက်စတိုင်းသမ္မတ Mahmoud Abbas နှင့် မော်စကိုပြည်နယ် Novo-Ogaryovo စံအိမ်၌ သြဂုတ် ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ပါလက်စတိုင်းတွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံသည် အလွန်ပင်စိုးရိမ်ကြောင်း ရုရှားသမ္မတ ပူတင်က တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု ရုရှားသမ္မတ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအရ သိရသည်။ ပါလက်စတိုင်းပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် ရုရှားက အမြဲထောက်ခံပြောဆိုခဲ့ပြီး ယင်းပြဿနာ၏ မူလဇစ်မြစ်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက အရင်ကတည်းက ရရှိခဲ့ပြီးဖြစ်သည့် လွတ်လပ်သောပါလက်စတိုင်းနိုင်ငံထူထောင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို “လျစ်လျူရှုခံရခြင်း”ကြောင့် ဖြစ်ကြောင်း၊ ဒေသတွင်း ရေရှည်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး သေချာစေရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက်အားလုံးကို အကောင်အထည်ဖော်ရန် လိုအပ်ရာ ပထမဆုံးအနေဖြင့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံက ထပ်လောင်းပြောကြားခဲ့သည်။

“ပါလက်စတိုင်းပြည်သူတွေကို ကိုယ်ပိုင်နိုင်ငံရှိစေချင်တယ်” ဟု တွေ့ဆုံဆွေးနွေးပွဲတွင် Abbas က ပြောကြားခဲ့သည်။ ၁၉၄၇ ခုနှစ်ကတည်းက ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့သည် ပါလက်စတိုင်းပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်ပေါင်း ၁,၀၀၀ ကျော်ကို ချမှတ်ခဲ့ပြီးဖြစ်သော်လည်း အမေရိကန်နိုင်ငံ၏ လုပ်ဆောင်ချက်များနှင့် ဖိအားများကြောင့် မည်သည့်ဆုံးဖြတ်ချက်တစ်ခုကမျှ ပါလက်စတိုင်းများ၏ အခွင့်အရေးများကို ဖော်ဆောင်နိုင်ရန် သေချာရေရာမှုမရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Abbas သည် ပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့သို့ ဩဂုတ် ၁၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း TASS သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

………………………………………………………..
(Chinese Version)
普京:解决巴勒斯坦问题必须落实联合国有关决议
新华社莫斯科8月13日电(记者赵冰)俄罗斯总统普京13日在莫斯科州新奥加廖沃与到访的巴勒斯坦总统阿巴斯举行会谈时表示,解决巴勒斯坦问题必须落实联合国有关决议,首先是落实建立巴勒斯坦国的决议。
据俄总统网站发布的消息,普京在会谈中说,俄方对巴勒斯坦正在发生的人道主义灾难深感担忧。俄方一直主张和平解决巴勒斯坦问题,该问题的根源是包括联合国在内的国际组织早已通过的有关建立独立巴勒斯坦国的决定“遭到忽视”。俄方重申,为确保地区长期稳定与和平,有必要执行联合国所有决议,首先就是要建立巴勒斯坦国。
阿巴斯在会谈中说,“我们希望巴勒斯坦人民能够拥有自己的国家”。他说,1947年以来,联合国大会和联合国安理会已经通过1000多项有关巴勒斯坦问题的决议,但由于美国的行为和施压,没有一项能确保实现巴勒斯坦人民权利的决议得到落实。
据塔斯社报道,阿巴斯是应普京的邀请于12日抵达莫斯科的。(完)
Photo: Russian President Vladimir Putin speaks during an annual press conference and question-and-answer session in Moscow, Russia, on Dec. 14, 2023. (Xinhua/Cao Yang)