Connect with us

Europe

ရုရှားနိုင်ငံ Belgorod ပြည်နယ် အရေးပေါ်အခြေအနေသို့ ရောက်ရှိကြောင်း ကြေညာ

ရုရှား-ယူကရိန်းနယ်စပ်၊ ရုရှားဘက်ခြမ်း၊ Belgorod ပြည်နယ် မြို့တော် Belgorod ရှိ လမ်းဘေးတစ်လျှောက်တွင် တာဝန်ကျနေသော စစ်သားများနှင့် ရဲများကို ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Belgorod ပြည်နယ် အရေးပေါ်အခြေအနေသို့ရောက်ရှိကြောင်း ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က သြဂုတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။
Belgorod ပြည်နယ်၏ လက်ရှိအခြေအနေသည် လွန်စွာ တင်းမာပြီး ရှုပ်ထွေးနေကြောင်း၊ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များသည် နေ့တိုင်း အမြောက်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် နေအိမ်များပျက်စီးပြီး အရပ်သားများ ထိခိုက်သေဆုံးခဲ့ရကြောင်း ထိုနေ့ လူမှုမီဒီယာပေါ်တွင် ထုတ်ပြန်သည့် ဗီဒီယိုမိန့်ခွန်း၌ Vyacheslav Gladkov က ပြောကြားခဲ့သည်။ ထို့ကြောင့် Belgorod ပြည်နယ်သည် ဩဂုတ် ၁၄ ရက်မှစ၍ ယင်းပြည်နယ်တစ်ခုလုံး ဒေသအဆင့် အရေးပေါ်အခြေအနေ ကျင့်သုံးခဲ့ရကြောင်း၊ ၎င်းရည်ရွယ်ချက်မှာ ဒေသခံများအပေါ် ကာကွယ်မှုအားကောင်းစေရန် နှင့် ဒုက္ခသည်များအား ထပ်တိုးအကူအညီများပေးရန်ဖြစ်ကြောင်း သိရသည်။
Belgorod ပြည်နယ်၏ လက်ရှိ ဒေသအဆင့် အရေးပေါ်အခြေအနေအား ဖက်ဒရယ်အဆင့် အရေးပေါ်အခြေအနေအဖြစ် အဆင့်မြှင့်တင်ရန် ယင်းပြည်နယ်အစိုးရက ရုရှားနိုင်ငံ ဖက်ဒရယ်အစိုးရ၏ သက်ဆိုင်ရာကော်မတီထံ တောင်းဆိုမည်ဖြစ်ကြောင်း Gladkov က ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………
(Chinese Version)
俄别尔哥罗德州宣布进入紧急状态
新华社莫斯科8月14日电 俄罗斯别尔哥罗德州州长格拉德科夫14日宣布该州进入紧急状态。
格拉德科夫当天在社交媒体发布视频讲话时说,当前别尔哥罗德州局势极其紧张和复杂,乌克兰武装力量每天实施炮击,导致房屋受损、平民伤亡。为此,别尔哥罗德州决定从14日起在本州全境实施地区级紧急状态,其目的是对居民加强保护并向受害者提供额外援助。
格拉德科夫说,别尔哥罗德州政府将向俄联邦政府相关委员会请求将该州目前的地区级紧急状态升级为联邦级紧急状态。
图说:8月12日,在俄乌边境俄方一侧别尔哥罗德州首府别尔哥罗德市,军人和警察在道路旁执勤。