Connect with us

မြန်မာ-中文

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအသစ် ဩဂုတ် ၁၅ ရက်တွင် ဒိုဟာ၌ ကျင်းပမည်

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲနေသူများအား ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဒိုဟာ၊ သြဂုတ် ၁၅ (ဆင်ဟွာ)
 
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအသစ် ဩဂုတ် ၁၅ ရက်တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌ ကျင်းပမည်ဖြစ်ကြောင်း ကာတာ Al Jazeera ရုပ်မြင်သံကြားက ဩဂုတ် ၁၄ ရက် သတင်းထုတ်လွှင့်မှုအရ သိရသည်။
 
ဆွေးနွေးပွဲတက်ရောက်မည့်သူများတွင် အစ္စရေး၊ ကာတာ၊ အမေရိကန်နှင့် အီဂျစ်တို့မှ အရာရှိများ ပါဝင်မည်ဖြစ်ကြောင်း၊ သို့သော် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ပါဝင်ခြင်း ရှိ၊ မရှိ သေချာ မသိရသေးကြောင်း သတင်းများအရ သိရသည်။
ဟားမက်စ် ကိုယ်စားလှယ်များ စေလွှတ်ပြီး အစည်းအဝေးသို့ တက်ရောက်ရန် သေချာစေရန် ကာတာမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု မိမိတို့ထံ အာမခံထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များအား ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
………………………………………..
(Chinese Version)
新一轮加沙停火谈判将于15日在多哈举行
新华社多哈8月14日电(记者汪强)据卡塔尔半岛电视台14日报道,新一轮加沙停火谈判将于15日在卡塔尔首都多哈举行。
据报道,与会者包括以色列、卡塔尔、美国和埃及的官员,但尚不清楚巴勒斯坦伊斯兰抵抗运动(哈马斯)是否参加。
美国国务院发言人14日对记者说,卡塔尔“向我们保证,正努力确保哈马斯也派代表参会”。
图说:8月14日,在加沙地带南部城市汗尤尼斯,人们哀悼以军袭击遇难者。