Connect with us

Africa & Middle East

ဆူဒန်အစိုးရက Adré နယ်စပ်ဂိတ်ကို ၃ လကြာ ဖွင့်လှစ်ရန် ဆုံးဖြတ်

ကိုင်ရို၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဆူဒန်အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ ဆူဒန်ရှိ လိုအပ်နေသူများထံသို့ ပို့ဆောင်နိုင်ရန် ၎င်းနိုင်ငံနှင့် ချဒ်နိုင်ငံကြားရှိ Adré နယ်စပ်ဂိတ်ကို ၃ လကြာ ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင်ကောင်စီက ဩဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆူဒန် အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Burhan သည် ထိုနေ့က အချုပ်အခြာ အာဏာပိုင်ကောင်စီ ပုံမှန်အစည်းအဝေးတွင် သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ထိုအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
Adré နယ်စပ်ဂိတ်သည် ဆူဒန်နိုင်ငံ အနောက်ပိုင်း၏ အရေးကြီးဆုံး ကုန်းလမ်းဖြတ်ကျော်ဂိတ်များအနက် တစ်ခုဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ဆူဒန်အစိုးရသည် ဆူဒန် Rapid Support Forces (RSF) က နှစ်နိုင်ငံနယ်စပ်ကို အသုံးချ၍ လက်နက်များ ပို့ဆောင်နေသည်ဟူသော အကြောင်းပြချက်ဖြင့် အိမ်နီးချင်း ချဒ်နိုင်ငံမှ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ထိုဂိတ်မှတစ်ဆင့် ဒါဖာဒေသသို့ ပို့ဆောင်ခြင်းအားတားမြစ်ခဲ့သည်။ (Xinhua)
……………………………………………
(Chinese Version)
苏丹政府决定开放阿德雷边境口岸3个月
新华社开罗8月15日电(记者张猛)喀土穆消息:苏丹主权委员会15日发表声明说,苏丹政府决定开放该国与乍得之间的阿德雷边境口岸3个月,以确保人道主义援助物资送达苏丹有需要的人手中。
声明说,苏丹主权委员会主席兼武装部队总司令布尔汉当天主持召开主权委员会例行会议,会议上做出该决定。
阿德雷边境口岸是苏丹西部最重要的陆路口岸之一。今年2月,苏丹政府禁止经由该口岸从邻国乍得运送国际人道援助物资至达尔富尔地区,理由是苏丹快速支援部队利用两国边境运输武器。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.