Connect with us

Europe

ဥဇဘက်ကစ္စတန်နိုင်ငံနှင့် ရုရှားနိုင်ငံ သမ္မတတို့ ဖုန်းဖြင့် ဆက်သွယ်၍ နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေး

ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev အား တွေ့ရစဉ် (ဆင်ဟွာ)

တာ့ရှ်ကန့်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev သည် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဩဂုတ် ၁၅ ရက်က ဖုန်းခေါ်ဆိုခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံသမ္မတများသည် အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် နှစ်နိုင်ငံ နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့ရန်နှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် မဟာမိတ်ဆက်ဆံရေးကို နက်ရှိုင်းလာစေရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် မေ ၂၆ ရက်မှ ၂၈ ရက်အထိ ပူတင်၏ ဥဇဘက်ကစ္စတန်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက်များ အကောင်အထည်ဖော်ရေး အခြေအနေများ အထူးသဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ အတူတကွ ရင်းနှီးမြှင့်နှံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပရောဂျက်များ မြှင့်တင်ရေး စသည်တို့ကို နှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ပူတင်သည် Mirziyoyev ၏ တောင်းဆိုမှုအရ ဩဂုတ် ၁၅ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံသမ္မတ ၀က်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။ နှစ်နိုင်ငံအကြား မဟာမိတ်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………………
(Chinese Version)
乌兹别克斯坦和俄罗斯总统通话讨论双边关系
新华社塔什干8月15日电(记者李奥)乌兹别克斯坦总统米尔济约耶夫15日与俄罗斯总统普京通电话,讨论双边关系等问题。
乌兹别克斯坦总统网站15日发布消息说,两国总统当天通电话,就继续拓展双边多领域合作、深化全面战略伙伴关系和盟友关系进行磋商。双方讨论了今年5月26日至28日普京访问乌兹别克斯坦期间所达成协议的落实情况,特别是提升双边贸易额、发展两国企业和地区间合作关系、推进共同投资和人道主义项目等。
另据俄罗斯总统网站消息,普京15日应约与米尔济约耶夫通电话。双方表示,将进一步加强两国间盟友关系和战略伙伴关系。(完)
图说:乌兹别克斯坦总统沙夫卡特·米尔济约耶夫像。新华社发