Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၈၀ ဦး သေဆုံး

ဆူဒန်နိုင်ငံ Sinnar ပြည်နယ် Abu Hujar မြို့ရှိ Jalqni ရွာကို တိုက်ခိုက်ခံရမှုကြောင့် ရွာသားများ ထွက်ပြေးနေသည်ကို ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဆူဒန် Rapid Support Forces (RSF) က ဆူဒန်နိုင်ငံ အလယ်ပိုင်း Sinnar ပြည်နယ်ရှိ ကျေးရွာတစ်ရွာအား ဩဂုတ် ၁၅ ရက်က တိုက်ခိုက်ခဲ့ရာ လူ ၈၀ ဦး သေဆုံးခဲ့သည်ဟု ယင်းဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် Sinnar လူငယ်စုစည်းရေးအဖွဲ့က လူမှုမီဒီယာတွင် ဩဂုတ် ၁၆ ရက်က ပြောကြားခဲ့သည်။ဆူဒန် Rapid Support Forces (RSF) သည် ဩဂုတ် ၁၂ ရက်မှစ၍ Sinnar ပြည်နယ် Abu Hujar မြို့ရှိ Jalqni ရွာကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီး ဩဂုတ် ၁၅ ရက်တွင် ယင်းရွာရှိ အမျိုးသမီးများကို ပြန်ပေးဆွဲရန် ကြိုးပမ်းရာ ရွာသားများ၏ ခုခံငြင်းဆိုခြင်း ခံခဲ့ရကြောင်း၊ ထို့နောက် ဆူဒန် Rapid Support Forces (RSF) သည် ထိုးစစ်ဆင်ခဲ့ပြီး အိမ်ရာများ မီးရှို့ခြင်း၊ ရွာသားများအား သေနတ်ဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၈၀ သေဆုံးခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းက ပြောကြားခဲ့သည်။ဆူဒန် Rapid Support Forces (RSF) က ဤသတင်းနှင့် ပတ်သက်၍ တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

……………………………………………
(Chinese Version)
苏丹中部一村庄遭袭致80人死亡
新华社开罗8月16日电(记者张猛)喀土穆消息:苏丹中部森纳尔州地方组织森纳尔青年集会16日在社交媒体上说,苏丹快速支援部队15日袭击了该州一个村庄,造成80人死亡。
该组织说,苏丹快速支援部队12日开始围困森纳尔州阿布胡贾尔市贾尔吉尼村,并于15日试图绑架村中女性,遭村民抵抗。苏丹快速支援部队随即发动进攻,烧毁房屋,对村民开枪射击,造成至少80人死亡。
苏丹快速支援部队尚未对此消息作出回应。
图说:8月16日,村民逃离遭遇袭击的苏丹森纳尔州阿布胡贾尔市贾尔吉尼村。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.