Connect with us

Asia

(၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ထိုင်းနိုင်ငံတွင် ကျင်းပ

ဘန်ကောက်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

(၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သြဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Eksiri Pintaruchi တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sok Chenda Sophea ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၊ မြန်မာနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီး Nguyen Minh Hang တို့ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
澜沧江-湄公河合作第九次外长会在泰国举行
曼谷,2024年8月16日 8月16日,澜沧江-湄公河合作第九次外长会在泰国清迈举行。中共中央政治局委员、外交部长王毅和泰国外交部次长艾斯丽共同主持会议,柬埔寨副首相兼外交大臣宋金达、老挝副总理兼外长沙伦赛、缅甸副总理兼外长丹穗、越南外交部副部长阮明姮出席。